ချောင်းဦး အောက်တိုဘာ ၅
စစ်ကိုင်းတိုင်းဒေသကြီး၊ ချောင်းဦးမြို့နယ် ပြည်သူ့ဆေးရုံတွင် တက်ရောက်ကုသမှု ခံယူနေသော ကျီကုန်းကျေးရွာမှ ကိုဗစ်၁၉ ပထမဆုံး အတည်ပြုလူနာ ကျန်းမာရေးကောင်းမွန်၍ ယနေ့နံနက်(၁၀) နာရီအချိန်က ဆေးရုံမှ ဆင်းခွင့်ပြုခဲ့ကြောင်း သိရသည်။
ကိုဗစ်-၁၉ ပိုးတွေ့ရှိသူမှာ ရန်ကုန်မြို့ မြောက်ဥက္ကာလာပမှ ပြန်လာသည့် အသက် ၂၈ နှစ် အရွယ် အမျိုးသား တစ်ဦးဖြစ်ပြီး စက်တင်ဘာလ(၂၁)ရက်နေ့က ရန်ကုန်မှ ကားမောင်းသူအပါ(၁၉)ဦး၊ ကား ၂ စီးဖြင့် ပြန်လာခဲ့ကြောင်း ကျီကုန်းကျေးရွာ အထက(ခွဲ)ကျောင်းသို့ ၁၉ ဦး စလုံးအားအသွားအလာကန့်သတ်ထား ခဲ့ပြီး ၂၂ ရက်နေ့ ညနေပိုင်းတွင် Swab ယူခဲ့ကာ ၂၃ ရက်နေ့ နံနက် မန္တလေးသို့ပို့ပြီး စစ်ဆေးခဲ့ကြောင်း၊ ၂၄ ရက်နေ့ စစ်ဆေးခဲ့ပြီး ၂၅ ရက်နေ့ မနက်ပိုင်း ထုတ်ပြန်ချက်တွင် ၁၉ ဦး ထဲမှ Positive တစ်ဦးဖြစ်ခဲ့ပြီး၊ ကျန် ၁၈ ဦး Negative ဖြစ်ကြောင်း၊ ကိုဗစ်-၁၉ ဓာတ်ခွဲအတည်ပြုလူနာအား ချောင်းဦးမြို့နယ် ပြည်သူ့ဆေးရုံသို့ ခေါ်ထားပြီး၊ မြို့နယ်ဆရာ၀န်ကြီး ကိုယ်တိုင် ကြည့်ရှုကုသပေးခဲ့ရာ ကျန်းမာရေး ကောင်းမွန်စွာဖြင့် ဆေးရုံမှဆင်းခွင့်ပြုခဲ့ကြောင်း၊ မိမိနေအိမ်တွင်Home Stay နေခိုင်းထားကြောင်း လူနာအားကြည့်ရှု စစ်ဆေးကုသနေသူ ချောင်းဦးမြို့နယ် ဆရာ၀န်ကြီး ဒေါက်တာကျော်ထွန်းဦး ထံမှ သိရသည်။
၀င်းမြင့်အောင် (ပြန်/ဆက်)