ကိုဗစ်-၁၉ စီပွားရေးကုစားမှု အစီအစဉ် (Cash  For Work )ဖြင့် ကနီမြို့နယ်အတွင်း အကောင်အထည်ဖော် ဆောင်ရွက်သည့် ဖွံ့ဖြိုးရေးလုပ်ငန်းများ ၁၀၀ ရာခိုင်နှုန်းဆောင်ရွက်ပြီးစီး

ကနီ     အောက်တိုဘာ ၅

စစ်ကိုင်းတိုင်းဒေသကြီး၊  ယင်းမာပင်ခရိုင်၊ ကနီမြို့နယ်ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနမှ ကိုဗစ်-၁၉ စီးပွားရေးကုစားမှုအစီအစဉ်အရ မြို့နယ်အတွင်းရှိ ရွာများ၌ Cash  For Work စီမံကိန်းကို အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိရာ လုပ်ငန်းများအားလုံး ၁၀၀ရာခိုင်နှုန်း ပြီးစီးခဲ့ကြောင်း မြို့နယ်ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ သိရသည်။

Cash For  Work  စီမံကိန်းလုပ်ငန်းများကို လင်ပုန်းရည်ကျေးရွာ၊ ကင်းတောင်ကျေးရွာ၊ ပကားကျေးရွာ၊ အိုင်သားကျေးရွာနှင့် ပါဟဲကျေးရွာများမှာ အကောင်အထည်ဖော် ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

"Cash  For  Work  စီမံကိန်းလုပ်ငန်းများကို  ကျေးရွာလူထုကိုယ်တိုင် ရွေးချယ်ခဲ့ပြီး စီမံကိန်း ကာလ အနေဖြင့် သုံးလအတွင်း ပြီးစီးအောင် ဆောင်ရွက်ရတာ  ဖြစ်ပါတယ်။ ဒီလိုဆောင်ရွက်တာဟာ ဖွံ့ဖြိုးရေး လုပ်ငန်းများကို ၎င်းတို့ကိုယ်တိုင် ဆောင်ရွက်စေပြီး   လုပ်အားခငွေပေး ချေခြင်း ဖြင့်   ဒေသခံပြည်သူများ   နေ့ချင်းဝင်ငွေရရှိသလို ကျေးရွာတွင်းဖွံ့ဖြိုးရေးလုပ်ငန်းများ ကျန်စေခဲ့မှာဖြစ် တဲ့ စီမံကိန်း လုပ်ငန်းလည်းဖြစ်ပါတယ်။ Cash  For  Work  စီမံကိန်းနဲ့ ကျေးရွာများမှာ ဆောင်ရွက်တဲ့ လုပ်ငန်းများကတော့ ကျေးရွာတွင်းလမ်း ဂျင်းမြေခင်းခြင်း၊ Boxculvet တည်ဆောက် ခြင်း၊ ကျေးရွာ တွင်းလမ်းကွန်ကရစ်ခင်းခြင်း၊ လမ်းဘေး ကွန်ကရစ်ရေမြောင်း တည်ဆောက်ခြင်း လုပ်ငန်းများ ဆောင်ရွက်ပါတယ်။ " ဟု မြို့နယ်ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဦးဇော်မိုးမြင့်က ပြောပြသည်။

ခင်ဝင်းကြည်(ပြန်/ဆက်)