စုကလိ မြို့မီးလင်းရေးကော်မတီမှ လမ်းဘေးမီးများတပ်ဆင်ဆောင်ရွက်

စုကလိ အောက်တိုဘာ ၅

ကရင်ပြည်နယ်၊ မြဝတီခရိုင်၊ စုကလိမြို့ မီးလင်းရေးကော်မတီမှ ဦးဆောင်၍ မြို့တွင်းရှိ လမ်းဘေးဓာတ်မီးတိုင်များတွင် ပြည်သူများ ညဘက်သွားလာရလွယ်ကူစေရန် မာကျူရီမီးလုံးများ တပ်ဆင်ခြင်းအား ယမန်နေ့ညနေ(၃)နာရီအချိန်က စုကလိမြို့အဝင်နှင့် လမ်းဘေးဝဲယာ တစ်လျှောက်ရှိ မီးတိုင်များတွင် ကော်မတီ၏ကြီးကြပ်မှုဖြင့် အထွေထွေအုပ်ချူပ်ရေးဦးစီးဌာနမှ ရပ်/ကျေးစာရေးများနှင့် ရပ်ကွက်(၁) ဥက္ကဋ္ဌ ဦးစောကျေးထူးတို့မှ လိုက်လံတပ်ဆင်ပေးခဲ့သည်။

အဆိုပါ မီးလုံးများတပ်ဆင်ရာတွင် မီးတိုင်ပေါင်း(၂၃)တိုင်အား တပ်ဆင်ပေးခဲ့ပြီး မီးတိုင် တစ်တိုင်လျှင် ကုန်ကျငွေစုစုပေါင်း (၁၁၀၀၀)ကျပ်တိတိကုန်ကျပြီး စုစုပေါင်း ငွေကျပ်(၂၅၃၀၀၀)ခန့် ကုန်ကျခဲ့ကြောင်းမြို့မီးလင်းရေး ကော်မတီထံမှသိရှိရသည်။

ပိုပိုအောင်(ပြန်/ဆက်)