မိုးစပါးများပေါ်ချိန်တွင် လမ်းပန်းဆက်သွယ်မှုကောင်းမွန်ပါက တောင်သူများအတွက် အခွင့်အလမ်း ပိုမို ရရှိနိုင်

ပဲခူးတိုင်းဒေသကြီး၊ ရေတာရှည်မြို့နယ်တွင် သက်ရင်မိုးစပါးများစတင်ရိတ်သိမ်းလျက်ရှိပြီး လက်ရှိ ရိတ်သိမ်းပြီးစက်ကျ အစိုးတင်း ၁၀ဝ လျင် ကျပ် ၅ သိန်းဝန်းကျင် ဈေးဖြင့်ဝယ်ယူလျက်ရှိနေကြောင်းသိ ရသည်။ သက်ရင်စပါးမျိုးဖြစ်သော ထိုင်းကောက်၊ ထိုင်းနှံကောက်  အစရှိသည့်စပါးများရိတ်သိမ်းရာတွင် တစ်ဧကလျင် တင်း ၆၀ နှုန်း ပျှမ်းမျှထွက်ရှိပြီး လတ်တလောဈေးကွက်အနေအထားအရဆိုလျင် တောင် သူများအနေဖြင့်တွက်ခြေကိုက်လျက်ရှိကြောင်း ဒေသခံတောင်သူများထံမှသိရှိရသည်။

ရေဖြူမြို့နယ် ပြင်ပ ရောက်ကြိုတင်ဆန္ဒမဲလက်မှတ်များ စတင်ထုတ်ပေး

တနင်္သာရီတိုင်းဒေသကြီး၊ ရေဖြူမြို့နယ် ပြင်ပရောက်မဲဆန္ဒရှင် ပြည်သူများ ကြိုတင်မဲပေးနိုင်ရေးအတွက် ကြိုတင်မဲ လက်မှတ်များကိုအောက်တိုဘာ (၅)ရက်နေ့မှ စတင်၍သက်ဆိုင်ရာဒေသသို့ ပေးပို့သွားမည်ဖြစ်ကြောင်း ရေဖြူမြို့နယ် ရွေးကောက်ပွဲ ကော်မရှင် အဖွဲ့ခွဲရုံးမှ သိရသည်။

နမ့်ဆန်မြို့နယ်ရှိ ဝေးလံခေါင်ဖျားသောကျေးရွာများရှိ မိဘပြည်သူများအား ဒေသဦးစီးအဖွဲ့က ဆိုလာမီး (၄၇)စုံပေးအပ်

ရှမ်းပြည်နယ် ပလောင်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ နမ့်ဆန်မြို့နယ်၌ မြို့နှင့် ဝေးလံခေါင်ဖျားမှာရှိသည့် လျှပ်စစ်မီးမရှိသော ကျေးရွာများကို ယမန်နေ့က ဒေသဦးစီးအဖွဲ့ဥက္ကဋ္ဌ ဦးဝင်းကျော်နှင့် မြို့နယ်ဖွံ့ဖြိုးမှုကြီးကြပ်ရေးရုံး (နတလ AD) ဦးဖုန်းမြင့်တို့က ကွင်းဆင်း သွားရောက်ပြီး ဆိုလာမီး (၄၇)စုံ ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။

ကြည့်မြင်တိုင်မြို့နယ်အတွင်းရှိ ​လေဟာပြင်ည​စျေးသို့ ရန်ကုန်မြို့တော်စည်ပင်သာယာရေး ကော်မတီဝင်များမှ ကွင်းဆင်းကြည့်ရှု

ရန်ကုန်အ​နောက်ပိုင်းခရိုင်၊ ကြည့်မြင်တိုင်မြို့နယ်အတွင်းရှိ လေဟာပြင်ည ဈေးတွင် ဈေးရောင်း၊ ဈေးဝယ် ပြည်သူများ ကိုဗစ်-၁၉ရောဂါ ကာကွယ်ရေး လမ်းညွှန်ချက်များနှင့် အညီ ဈေးရောင်း၊ ဈေးဝယ်ခြင်း ရှိ၊ မရှိကွင်းဆင်းစစ်ဆေးခြင်းကို ယမန်နေ့ ​နေ့လယ်ပိုင်း က ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီမှ တာဝန်ရှိသူများက လှည့်လည်ကြည့်ရှု ခဲ့ကြောင်း သိရသည်။

ရှင်ဗွေယန်မြို့တွင် ကိုယ်ဝန်ဆောင်မိခင်များနှင့် အသက် (၂) နှစ်အောက် ကလေးငယ်များအား ပုံမှန်ကာကွယ်ဆေးထိုးများ ထိုးနှံပေး

ကချင်ပြည်နယ်၊ မြစ်ကြီးနားခရိုင်၊ ရှင်ဗွေယန်မြို့၌ မြို့ပေါ်(၄)ရပ်ကွက်ရှိ ကိုယ်ဝန်ဆောင် မိခင်များနှင့် အသက်(၂)နှစ်အောက် ကလေးငယ်များအား ပုံမှန်ကာကွယ် ဆေးထိုးပေးခြင်း လုပ်ငန်းများကို စက်တင်ဘာလ(၅)ရက်မှ(၆)ရက်နေ့ထိ နံနက်(၁၀)နာရီတွင် စတင်၍ ကျေးလက်ကျန်းမာရေးဌာန၌ ထိုးနှံပေးလျက်ရှိသည်။

နောင်ချိုမြို့နယ် စျေးရပ်ကွက်အတွင်းရှိ ပုံမှန်ဝင်ငွေမရှိသော အခြေခံလူတန်းစား အိမ်ထောင်စု(၅၂၀)အား ဆန်ထောက်ပံ့

ကိုဗစ်-၁၉ကာလအတွင်း ပုံမှန်ဝင်ငွေမရှိသော နောင်ချိုမြို့ စျေးရပ်ကွက်အတွင်းရှိ အခြေခံလူတန်းစား အိမ်ထောင်စု(၅၂၀)စုအား ယမန်နေ့နံနက်(၁၀)နာရီမှစ၍ ဆန်များ ထောက်ပံ့ပေးလျက်ရှိကြောင်း သိရသည်။

မြို့နယ်ကိုဗစ်-၁၉​ရောဂါကာကွယ်ထိန်းချုပ်​ရေးနှင့် အ​ရေး​ပေါ်တုန့်ပြန်ရေး​ကော်မတီသို့  အလှူငွေများ လာရောက် လှူဒါန်း

ရန်ကုန်အနောက်ပိုင်းခရိုင်၊ ကြည့်မြင်တိုင်မြို့နယ်၊ အ.ထ.က(၁)ကျောင်း၌ ဖွင့်လှစ်ထား ရှိသော Community Based Facilities Quarantine Centre သို့ ယမန်နေ့က အလှူငွေများ လာရောက်လှူဒါန်းခဲ့ကြသည်။

ရွှေဘိုခရိုင် ဝက်လက်မြို့နယ်တွင် ကိုဗစ်-၁၉ရောဂါ ကုစားမှုအစီအစဉ်အရ အသက် ၈၀နှစ် မှ ၈၅နှစ်အတွင်း သက်ကြီး ဘိုးဘွား၂၁၃၆ဦး အား ထောက်ပံ့ငွေပေးအပ်

စစ်ကိုင်းတိုင်းဒေသကြီး ရွှေဘိုခရိုင် ဝက်လက်မြို့နယ်တွင် ကိုဗစ်-၁၉ရောဂါ ကုစားမှု အစီအစဉ်အရ အသက် ၈၀နှစ်မှ အသက် ၈၅နှစ် သက်ကြီးဘိုးဘွားများ ထောက်ပံ့ ငွေပေး အပ်ခြင်းများကို မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမတွင် ယမန် နေ့ နံနက် ၁၀နာရီနှင့်မွန်းလွဲ ၂ နာရီအချိန်တို့တွင် နှစ်ကြိမ်ခွဲကာ ထောက်ပံ့ငွေများလွှဲပြောင်း ပေးအပ်ပွဲ အခမ်းအနား ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

သပိတ်ကျင်းမြို့နယ်အတွင်းရှိ (၂)နှစ်အောက် ကလေးငယ်များနှင့် ကိုယ်ဝန်ဆောင်မိခင်များအား ကျန်းမာရေး စောင့်ရှောက်မှုများ ဆောင်ရွက်

မန္တလေးတိုင်းဒေသကြီး၊ ပြင်ဦးလွင်ခရိုင်၊ သပိတ်ကျင်းမြို့နယ်အတွင်းရှိ ပြည်သူများကျန်းမာရေး ဗဟုသုတ ရရှိစေရန်၊ ကူးစက်ရောဂါများမှ ကင်းဝေးစေရန် ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၏ ကိုဗစ်-၁၉ ရောဂါကြိုတင်ကာကွယ်ရေးလမ်းညွှန်ချက်များနှင့်အညီ ကလေးသူငယ်များအား

ပန်ဝါမြို့၌ ၂၀၂၀ ပြည့်နှစ်၊ နိုဝင်ဘာ(၈)ရက်နေ့တွင်ကျင်းပမည့် ပါတီစုံဒီမိုကရေစီ ရွေးကောက်ပွဲအတွက် မဲပေးခွင့်ရှိသူစာရင်း ဒုတိယအကြိမ်ကြေညာ

ကချင်ပြည်နယ်မြစ်ကြီးနားခရိုင်၊ ပန်ဝါမြို့တွင် ၂၀၂၀ ပြည့်နှစ်၊ နိုဝင်ဘာ(၈) ရက်နေ့တွင် ကျင်းပမည့် ပါတီစုံ ဒီမိုကရေစီရွေးကောက်ပွဲအတွက် မဲပေးခွင့်ရှိသူစာရင်း ဒုတိယအကြိမ် ကြေညာခြင်းကို အောက်တိုဘာလ(၁)ရက်နေ့ နံနက်(၇)နာရီအချိန်မှစ တင်၍ ပန်ဝါမြို့ မြို့ပေါ်ရပ်ကွက်(၃)ရပ်ကွက်အတွင်း ကြေညာထားလျက်ရှိသည်။
Subscribe to