စဉ့်ကိုင်မြို့နယ် မြို့မစျေးတွင် ကိုဗစ်−၁၉ကူးစက်ရောဂါ ပြန့်နှံ့မှုမရှိစေရေးအသိပညာပေးခြင်းနှင့်စစ်ဆေးခြင်းများဆောင်ရွက်

 စဉ့်ကိုင်       အောက်တိုဘာ  

မန္တလေးတိုင်းဒေသကြီး၊  ကျောက်ဆည်ခရိုင်၊  စဉ့်ကိုင်မြို့နယ် မြို့မစျေးတွင်ကိုဗစ်၁၉ရောဂါ ကာကွယ်ထိန်းချုပ်နိုင်ရေး ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနမှ ထုတ်ပြန်ထားသော လမ်းညွှန်ချက်များနှင့်အညီ  လိုက်နာဆောင်ရွက်ခြင်း ရှိ/မရှိ ယနေ့နံနက်()နာရီက မြို့မစျေးအတွင်းလိုက်လံအသိ ပညာပေးခြင်း၊ စစ်ဆေးခြင်းများဆောင်ရွက်ခဲ့ကြောင်းသိရသည်။

ထိုသို့   အသိပညာပေး စစ်ဆေးရာမှုများ ဆောင်ရွက်ရာတွင် ကိုဗစ်၁၉ရောဂါကြိုတင်ကာကွယ် ထိန်းချူပ်နိုင်ရေးအတွက်  ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနမှ ထုတ်ပြန်ထားသည့်  ညွှန်ကြားချက် များကို လိုက်နာကြရန်နှင့် နှာခေါင်းစည်း Mask များFace Shield များတပ်ဆင်ထားခြင်းရှိ/မရှိ၊ လက်ကို မကြာခဏဆေးကြောကြရန်၊ တစ်ဦးနှင့်တစ်ဦး နီးကပ်မှုမရှိဘဲ စျေးရောင်းစျေးဝယ် ပြုလုပ်ကြရန်   အသိပညာပေးခြင်း စစ်ဆေးခြင်း၊ နှိုးဆော်ခြင်းများဆောင်ရွက်ခဲ့ကြောင်းသိရသည်။

အဆိုပါ  လုပ်ငန်းများဆောင်ရွက်ရာတွင်  ကိုဗစ်၁၉ရောဂါ ကြိုတင် ကာကွယ်ထိန်းချုပ်ရေးနှင့် အရေးပေါ် တုံ့ပြန်ရေးကော်မတီ  ဥက္ကဋ္ဌ ဦးကောင်းမြတ်ထွန်း မှ ကြီးကြပ်၍   မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးရဲဗလညွန့်ဌေး နှင့် ရဲတပ်ဖွဲ့ဝင်များ၊ မြို့နယ်မီးသတ်ဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဦးကျော်ဇေယျ နှင့်မီးသတ်တပ်ဖွဲ့ဝင်များ၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့ အမှူဆောင်အရာရှိ ဦးလှဝင်းနှင့်ဝန်ထမ်းများ ပူးပေါင်း၍ ဆောင်ရွက်ခဲ့ကြောင်းသိရသည်။

အောင်ပိုင်ပိုင်ကျော်(စဉ့်ကိုင်ပြန်/ဆက်)