ဘုရားသုံးဆူ အောက်တိုဘာ ၅
ကရင်ပြည်နယ်၊ ကော့ကရိတ်ခရိုင်၊ ဘုရားသုံးဆူမြို့တွင် ကိုဗစ်-၁၉ အခြေအနေကြောင့် စက်ရုံ အလုပ်ရုံများရပ်နားထား၍ ပြည်သူများစားဝတ်နေရေး အခက်အခဲများ ရင်ဆိုင်နေရပြီး အဆိုပါ အခက်အခဲများအား ဘုရားသုံးဆူမြို့ နယ်မြေခံတပ်ရင်းမှူး ဗိုလ်မှူးအောင်ငြိမ်းချမ်းနှင့် ငြိမ်းချမ်းရေးတပ်ဖွဲ့များ၊ မြို့အုပ်ချုပ်ရေးမှူးဦးဇော်မိုးနှင့် စေတနာရှင်ပြည်သူများဖြင့်ပူးပေါင်း၍ အခြေခံစားသောက်ကုန်များ ထောက်ပံပေးအပ်ခြင်းကို ယမန်နေ့ ညနေ ၃ နာရီ တွင် ထောက်ပံ့ပေးအပ်ခဲ့ပါသည်။
အဆိုပါ ထောက်ပံ့မှုများကို အမှတ်၄ရပ်ကွက် တောင်ဝိုင်းစုကွက်သစ်အတွင်း နေထိုင်ကြသော အိမ်ထောင်စု (၈၀)အား တစ်အိမ်ထောင်စုလျှင် ဆန်(၆)ပြည်၊ ဆီ(၆၅)ကျပ်သား၊ ကြက်သွန်နီ တစ်ကီလိုနှင့်(hand gel)တစ်ဗူးတို့အားထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။
စောရဲဝင်းထွဋ် (ပြန်ဆက်)