မြင်းခြံ အောက်တိုဘာ ၄
မန္တလေးတိုင်းဒေသကြီး မြင်းခြံမြို့နယ် ဂျုပ္ပင်ကျေးရွာတွင် ယမန်နေ့နေ့လယ်၂နာရီ၄၅ မိနစ်အချိန်တွင် မိုးကြိုးထိမှန်၍ လူတစ်ဦးသေဆုံးကြောင်း သိရသည်။
မြင်းခြံမြို့နယ် ဂျုပ္ပင်ကျေးရွာနေ ဦးမောင်မြင့်၏ နေအိမ်မြောက်ဘက်ရှိ ဆိုင်ကယ်ပေါ်တွင် ဦးစိုးသူမှ ထိုင်နေစဉ် မိုးထစ်ချုန်းရွာသွန်းပြီး မိုးကြိုးထိမှန်ရာမှ ဦးစိုးသူ၏ ယာနံဘေးထိမှန် ပွန်းခြစ်ဒဏ်ရာ၊ ဘယ်ဘက်နံဘေး ပွန်းခြစ်ဒဏ်ရာ၊ ရင်ဘတ်ထိမှန် ပွန်းခြစ်ဒဏ်ရာများ ရရှိကာ သေဆုံးခဲ့ပြီး သေဆုံးသူ ဦးစိုးသူအား စစ်ဆေးချက်ရယူနိုင်ရန်အတွက် မြင်းခြံနာရေး ကူညီမှုအသင်းမှ မြင်းခြံပြည်သူ့ဆေးရုံကြီးသို့ ပို့ဆောင်ထားလျက်ရှိကြောင်း သိရသည်။
အဆိုပါ ဖြစ်စဉ်နှင့် ပတ်သက်၍ မြင်းခြံမြို့မရဲစခန်းမှ စစ်ဆေးဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
ကျော်စွာ(မြင်းခြံ)