ဖောင်းပြင်မြို့နယ်၌ ကိုဗစ်- ၁၉ရောဂါ ကာကွယ်ရေးပစ္စည်းများ ပေးအပ်

ဖောင်းပြင် အောက်တိုဘာ ၅

ဖောင်းပြင်မြို့နယ်၌ ကိုဗစ်- ၁၉ရောဂါ ကာကွယ်ထိန်းချုပ်ရေး လုပ်ငန်းများတွင် အသုံးပြုနိုင်ရန် စစ်ကိုင်း တိုင်းဒေသကြီး Coronavirus Disease 2019 (COVID- 19) အရေးပေါ်တုံ့ပြန်ရေးကော်မတီမှ PPE ဝတ်စုံ(၅၀)၊ N-95 Mask(၅၀)၊ မျက်မှန်(၅၀)စုံ၊ လက်အိတ်(၅၀)စုံနှင့် နှာခေါင်းစည်း mask အခုရေ( ၇၀၀၀ )တို့ကို ထောက်ပံ့ပေးခဲ့ရာ အဆိုပါစ္စည်းများအား တာဝန်ရှိသူများထံသို့ ပြန်လည်ခွဲဝေပေးအပ်ခြင်းကို ယနေ့ နံနက် ၁၁ နာရီအချိန်၌ မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရှိ အစည်းအဝေးခန်းမတွင် ပြုလုပ်ခဲ့သည်။

ထိုသို့ ပေးအပ်ရာတွင် ရှေးဦးစွာ မြို့နယ် အထွေထွေအုပ်ချုပ်ရေးမှူး ဦးခင်မောင်မြင့်က ထောက်ပံ့ပစ္စည်း များ၏ အရေအတွက်နှင့် အမျိုးအစားများကို ရှင်းလင်းပြောကြားကာ ကိုဗစ်-၁၉ ရောဂါ ကာကွယ်တားဆီးရေး လုပ်ငန်းများတွင် အသုံးပြုနိုင်ရန်အတွက် မြို့နယ်ပြည်သူ့ ကျန်းမာရေးဌာနသို့လည်းကောင်း၊ Coronavirus Disease 2019 (COVID- 19) ကာကွယ်ထိန်းချုပ်ရေး မြို့နယ်အဆင့်ကော်မတီသို့လည်းကောင်း၊ ကိုဗစ်-၁၉ ရောဂါကာကွယ်တားဆီးရေးလုပ်ငန်းများတွင် တက်ကြွစွာပါဝင်ဆောင်ရွက်ကြသည့် မြို့မိမြို့ ဖ၊ ပရဟိတ အဖွဲ့များသို့ လည်းကောင်း အမှတ်(၁)တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးမောင်မောင်လတ်နှင့် မြို့နယ် အထွေထွေအုပ်ချုပ်ရေးမှူး ဦးခင်မောင်မြင့်တို့က လွှဲပြောင်းပေးအပ်ခဲ့ကြောင်း သိရသည်။

ကိုထွန်း(ဖောင်းပြင်)