နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ လေရှီးမြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများအတွက် ကွန်ပျူတာ ၊ Printer၊  မီးစက်နှင့် ဆက်စပ်ပစ္စည်းများ ထောက်ပံ့

လေရှီး  အောက်တိုဘာ  ၅

စစ်ကိုင်းတိုင်းဒေသကြီး၊ နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ လေရှီးမြို့နယ်အတွင်းရှိ အခြေခံပညာ ကျောင်း များဖြစ်သည့် ရန်နွေး အ.ထ.က(ခွဲ)၊ ပန်ဆပ် အ.ထ.က(ခွဲ)၊ ကော်လကန်အ.လ.က၊ မိုဒွန်ဖိုင် အ.လ.က၊ လေယုံ အ.လ.က နှင့် ဖွန်သရက် အ.လက အခြေခံပညာကျောင်းများအတွက် နယ်စပ်ရေးရာဝန်ကြီးဌာန နယ်စပ်ဒေသနှင့် တိုင်းရင်းသားလူမျိုးများဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက ကွန်ပျူတာ၊ Printer၊ မီးစက်တစ်စုံစီနှင့် ဆက်စပ်ပစ္စည်းများ ထောက်ပံ့ခြင်းနှင့် မြို့နယ်ပညာရေးမှူးရုံး ဝန်ထမ်းများက ကိုဗစ်-၁၉ ကာကွယ်ထိန်းချုပ်ရေးလုပ်ငန်းအတွက် ငွေကျပ် ၄၅၀၀၀၀ ကို ယနေ့ နေ့လယ်က လေရှီးမြို့နယ် ပညာရေးမှူးရုံး၌ ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။

အဆိုပါ ထောက်ပံ့ပေးအပ်ခြင်းကို နယ်စပ်ဒေသနှင့် တိုင်းရင်းသား လူမျိုးများဖွံ့ဖြိုးတိုးတက်ရေးဦးစီး ဌာန လက်ထောက်ညွှန်ကြားရေးမှူး ဦးခင်မောင်လင်းက လက်ထောက်ပညာရေးမှူး ဦးချစ်ငွေနှင့် သက်ဆိုင်ရာ ကျောင်း ဆရာ၊ ဆရာမထံ ပေးအပ်ခဲ့ကြောင်း သိရသည်။

စနေမောင်မောင်(ခန္တီး)