ကျိုင်းတုံမြို့သို့ ရွေးကောက်ပွဲတွင် တာဝန်ထမ်းဆောင်မည့် ဆရာ၊ဆရာမများ ပြန်လည်ရောက်ရှိ

 

ကျိုင်းတုံ အောက်တိုဘာ ၅

ရှမ်းပြည်နယ်အရှေ့ပိုင်း ၊ကျိုင်းတုံမြို့နယ်တွင် ၂၀၂၀ ပြည့်နှစ် နိုဝင်ဘာလ (၈) ရက်နေ့တွင် ကျင်းပ ပြုလုပ်မည့် ပါတီစုံဒီမိုကရေစီ  အထွေထွေ ရွေးကောက်ပွဲ အောင်မြင်စွာ ကျင်းပနိုင်ရေးအတွက် မဲရုံများတွင် တာဝန်ထမ်းဆောင်ကြမည့်  ဆရာ၊ဆရာမများ မိမိနေရပ်မှ ပြန်လည် ဝင်ရောက်လျက်ရှိရာ ယနေ့အထိ ဆရာ၊ ဆရာမပေါင်း (၇၀) ကျော်ပြန်လည် ရောက်ရှိလာပြီ ဖြစ်ကြောင်းသိရပါသည်။

ရှမ်းပြည်နယ်အရှေ့ပိုင်း ကျိုင်းတုံမြို့ အတွင်း ရွေးကောက်ပွဲတွင် တာဝန် ထမ်းဆောင်မည့် ဆရာဆရာမ အရေ အတွက်မှာ ( ၁၀၆၉  )ဖြစ်ပြီး မဲရုံအတွက် စုစုပေါင်း (၁၂၀) ရှိကြောင်းသိရပါသည်။ ရွေးကောက် ပွဲတွင် တာဝန် ထမ်းဆောင်ကြမည့် ဆရာ၊ဆရာမ အများစုမှာ ဒေသခံများဖြစ်ပြီး ကျန်ဆရာ၊ ဆရာမများ အနေဖြင့် မကွေးတိုင်း၊ မန္တလေးတိုင်း၊ စစ်ကိုင်းတိုင်း မှ အများဆုံးလာရောက် တာဝန်ထမ်းဆောင်သူ များဖြစ်ပါသည်။

ကျိုင်းတုံမြို့နယ်သို့ ပြန်လည်ရောက်ရှိသည့် ဆရာ၊ ဆရာမများကို  အမှတ်(၂) အခြေခံပညာ အထက် တန်းကျောင်း  နှင့် အမှတ်(၅) အခြေခံပညာ အထက်တန်းကျောင်း တို့တွင်  ကျန်းမာရေး ဝန်ကြီးဌာနမှ ထုတ်ပြန် ထားသော စည်းကမ်းချက်များနှင့်အညီ  (Facility Quaramtine)  ထားရှိဆောင်ရွက် သွားမည်ဖြစ် ကြောင်း တာဝန်ရှိသူတစ်ဦး ပြောကြားခဲ့ပါသည်။

ငုချိုချိုကျော်