မိုင်းတုံမြို့၌ ဆုံဆို့နာရောဂါကာကွယ်ဆေး ဒုတိယအကြိမ်ထိုးနှံပေး

ရှမ်းပြည်နယ်(အရှေ့ပိုင်း)မိုင်းဆတ်ခရိုင်၊ မိုင်းတုံမြို့၌ ဆုံဆို့နာရောဂါ ကပ်ရောဂါအသွင်ဖြစ်ပွားခဲ့သဖြင့် ဆုံဆို့နာရောဂါကာကွယ်ဆေး ဒုတိယအကြိမ်ထိုးနှံပေးခြင်းကို ယနေ့ နံနက် ၇ နာရီက မြို့မရပ်ကွက်၊ မြို့လယ်ဓမ္မာရုံတွင် ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

မလှိုင်မြို့နယ် အထွေထွေအုပ်ချုပ်ဦးစီးဌာနမှ ရပ်ကျေးစာရေးဝန်ထမ်းများအား ထောက်ပံ့ငွေများ ပေးအပ်

မန္တလေးတိုင်းဒေသကြီး၊ မလှိုင်မြို့နယ်အထွေထွေအုပ်ချုပ်ဦးစီးဌာနမှ ရပ်ကွက်/ကျေးရွာအုပ်စု စာရေး ဝန်ထမ်းများအား နိုင်ငံတော်မှထောက်ပံ့သည့်ငွေများထပ်ဆင့် ပေးအပ်ပွဲအခမ်းအနားကို ယမန်နေ့ မွန်းလွဲ ၂ နာရီ အချိန်က မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းဝေးခန်းမ၌ကျင်းပခဲ့ကြောင်းသိရသည် ။

ရန်ကုန်တောင်ပိုင်းခရိုင် တံတားမြို့တွင် ဒုတိယအကြိမ် မဲဆန္ဒရှင်စာရင်းများကြေညာကပ်ထား

၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲကြီး အောင်မြင်စွာကျင်းပနိုင်ရေးအတွက် နောက်ဆုံး အကြိမ်အဖြစ် မဲဆန္ဒရှင်စာရင်းများကို တံတားမြို့ပေါ်ရပ်ကွက် ကော်မရှင်ရုံးခွဲများတွင် အောက်တိုဘာ ၁ ရက်နေ့ မှစတင်၍ ကပ်ထားကြောင်း သိရသည်။

ထားဝယ်မြို့နယ်တွင် ၂၀၂၀-၂၀၂၁ ခု ဘဏ္ဍာရေးနှစ်၊ လုပ်ငန်းသုံးပစ္စည်းဝယ်ယူခြင်း၊ လုပ်ငန်းသုံးယာဉ်များဝယ်ယူခြင်း အိတ်ဖွင့်တင်ဒါဖွင့်ပွဲ အခမ်းအနားကျင်းပ

တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်မြို့နယ် စည်ပင်သာယာရေးအဖွဲ့၊ ၂၀၂၀-၂၀၂၁ ခု ၊ ဘဏ္ဍာရေးနှစ်၊ လုပ်ငန်းသုံး ပစ္စည်းဝယ်ယူခြင်း၊ လုပ်ငန်းသုံးယာဉ်များဝယ်ယူခြင်း အိတ်ဖွင့်တင်ဒါဖွင့်ပွဲအခမ်းအနားကို ယမန်နေ့ မွန်းလွဲ ၂ နာရီ က ထားဝယ်မြို့၊မြို့တော်ခန်းမ၌ကျင်းပသည်။

ကွမ်းလုံမြို့နယ်တွင် ကုန်တင်ယာဉ်မောင်းများနှင့် ယာဉ်နောက်လိုက်များအား ကိုဗစ်-၁၉ ရောဂါပိုး အခမဲ့စစ်ဆေးဆောင်ရွက်ပေးလျက်ရှိ

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ချင်းရွှေဟော်မြို့ နယ်စပ်ဂိတ်မှတစ်ဆင့် တရုတ်နိုင်ငံသို့ ကုန်ပစ္စည်းများတင်သွင်းလျက်ရှိသည့် ကုန်တင်ယာဉ်မောင်းများနှင့် ယာဉ်နောက်လိုက်များအား ကုန်တင်ယာဉ်များ သွားလာမှုနှင့် စပ်လျဉ်း၍ စံသတ်မှတ်ချက် (Standard Operating Procedure - SOP) အရ ကိုဗစ်-၁၉ ရောဂါပိုး ရှိ/မရှိ Rapid Antigen Diagnostic Test Kit ဖြင့် ယမန်နေ့ နံနက်(၆)နာရီအချိန်ခန့်က စတင်စစ်ဆေးခဲ့ရာ ကုန်တင်ယာဉ်(၁၆၀)စီးမှ ကုန်တင် ယာဉ်မောင်းနှင့် ယာဉ်နောက်လိုက်(၃၂၀)ဦးတို့တွင် ကိုဗစ်-၁၉ ရောဂါပိုး မတွေ့ရှိကြောင်း ကွမ်းလုံမြို့နယ် ကျန်းမာရေးနှင့်ကုသရေးဦးစီးဌာနမှ သိရသည်။

မော်လမြိုင်ကျွန်းမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ positive တစ်ဦး တွေ့ရှိပြီး ထိတွေ့သူများအား Facility Quarantine ဝင်ရောက်နိုင်ရေးဆောင်ရွက်

မော်လမြိုင်ကျွန်းမြို့နယ်တွင် ကျုံမငေးမြို့နယ်ပြန် Facility Quarantine ထားရှိသူ ငါးဦးအနက် အမျိုးသမီးတစ်ဦးသည် ကျန်းမာရေးနှင့်အားကစားဝန်ကြီး ဌာနမှစစ်ဆေးထားရှိသော swab အဖြေ မှ positive ဖြစ်ပေါ်ခဲ့ပြီး အဆိုပါ positive လူနာအားမော်လမြိုင်ကျွန်းမြို့နယ်ဆေးရုံ Isolation Room တွင်ထားရှိလျက်အနီးကပ် ကျန်းမာရေးစောင့်ရှောက်မှုပေးလျက်ရှိရာ လူနာသည်လည်း ကျန်းမာရေးကောင်းမွန်လျက်ရှိကြောင်းသိရသည်။

ကွမ်းခြံကုန်းမြို့နယ်မြို့မဈေးကြီးအတွင်း ကူးစက်မြန်ကိုဗစ်-၁၉ရောဂါကြိုတင်ကာကွယ်ရေးအတွက် စည်းကမ်း တကျ‌ရောင်းဝယ်ကြရန်ကြပ်မတ်စစ်ဆေးခြင်းနှင့်(mask campaign)ဆောင်ရွက်

ရန်ကုန်တိုင်းဒေသကြီး၊ တောင်ပိုင်းခရိုင်ကွမ်းခြံကုန်းမြို့နယ်မြို့မဈေးကြီး အတွင်းကူးစက်မြန်ကိုဗစ်-၁၉ရောဂါကြိုတင်  ကာကွယ်ရေး အတွကအသိပညာပေးခြင်း၊ ဈေးရောင်းချသူ၊ ဈေးဝယ်သူများ စည်းကမ်းတကျ ရောင်းဝယ်ကြစေရန်ကြပ်မတ် စစ်ဆေးခြင်းနှင့်(mask campaign)ဆောင်ရွက်မှုကို ယမန်နေ့မနက်ပိုင်းကတိုင်း ဒေသကြီး လွှတ်တော်ကိုယ်စားလှယ်များ၊ ဌာနဆိုင်ရာများလူမှုကူညီရေးအဖွဲ့ဝင် များပူးပေါင်းဆောင်ရွက် ခဲ့ကြောင်း သိရသည်။

ဘားအံမြို့မှ ကိုဗစ် - ၁၉ ရိုက်ခတ်နေသော လူမှုဘဝများ

ကရင်ပြည်နယ်၊ ဘားအံမြို့တွင် ကိုဗစ် ၁၉ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးလုပ်ငန်းများကို ပြည်နယ်အစိုးရအဖွဲ့၊ ဌာနဆိုင်ရာများ၊ လူမှုရေးအသင်းအဖွဲ့များနှင့် ဒေသခံပြည်သူလူထုများ ဝိုင်းဝန်းပူးပေါင်း၍ ကြိုးပမ်းဆောင်ရွက်လျက်ရှိပြီး ကိစ္စရပ်တစ်ချို့တွင် ကန့်သတ်ထိန်းချုပ်မှုများရှိနေသည့်အတွက် ဒေသနေပြည်သူအချို့၏ ကိုဗစ် - ၁၉ ရိုက်ခတ်သော လူမှုဘဝစကားသံ များကို တွေ့ဆုံမေးမြန်း၍ စုစည်းရေးသားဖော်ပြလိုက်ရပါသည်။

ဒေးဒရဲမြို့နယ်ရှိ သာသနာ့ဗိမာန်အား ယာယီဆေးရုံအဖြစ် ပြင်ဆင်ဆောင်ရွက်နိုင်ရေး အလှူငွေများပေးအပ်လှူဒါန်း

ဧရာဝတီတိုင်း‌ဒေသကြီး၊ ဖျာပုံခရိုင်၊ ဒေးဒရဲမြိုနယ်အတွင်း ကိုဗစ်-၁၉ ပိုးတွေ့လူနာများ ပိုမိုများပြားလာပါက အနီးကပ် ကျန်းမာရေးစောင့်ရှောက်မှုပေးနိုင်ရန်နှင့် ဆက်လက်ဆေးကုသမှု ပေးနိုင်ရန် ရည်ရွယ်၍ သာသနာ့ဗိမာန်အား ယာယီဆေးရုံအဖြစ် ပြင်ဆင်ဆောင်ရွက် နိုင်ရေးအတွက် အလှူငွေများကို မြို့နယ်အဆင့် ကိုဗစ်-၁၉ ကာကွယ်ထိန်းချုပ်နိုင်ရေး အသိပညာပေး မဏ္ဍပ်သို့ ယမန်နေ့ နံနက် ၈ နာရီမှ စ၍ စေတနာရှင်၊ အလှူရှင်များက လာရောက် လှူဒါန်းလျက်ရှိကြောင်း သိရသည်။

စစ်ကိုင်းတိုင်းဒေသကြီး ကနီမြို့တွင် ဒုတိယအကြိမ် မဲဆန္ဒရှင်စာရင်းများ ကပ်ထားကြေငြာမှုအား တာဝန်ရှိ သူများမှ ကြည့်ရှုစစ်ဆေး

၂၀၂၀ ပြည့်နှစ်၊ပါတီစုံ ဒီမိုကရေစီအထွေထွေရွေးကောက်ပွဲအောင်မြင်စွာ ကျင်းပနိုင်ရေးအတွက် အခြေခံ မဲဆန္ဒရှင် စာရင်းများကို တိုင်းဒေသကြီး/ပြည်နယ်၊ ခရိုင်၊မြို့နယ်၊မြို့များရှိ ရပ်ကွက်၊ ကျေးရွာအုပ်စု ရွေးကောက် ပွဲကော်မရှင်အဖွဲ့ခွဲရုံးများ၌ အောက်တိုဘာလ ၁ ရက်နေ့မှ စတင်၍ ဒုတိယအကြိမ် ကပ်ထား ကြေငြာ လျက်ရှိရာ စစ်ကိုင်းတိုင်း ဒေသကြီး၊ ယင်းမာ ပင်ခရိုင်၊ ကနီမြို့ရှိ အမှတ်(၁) ရပ်ကွက်၊ အမှတ်(၂ ) ရပ်ကွက်နှင့် အမှတ်(၃) ရပ်ကွက် အုပ်ချုပ် ရေးမှူးရုံးတို့တွင်လည်း အောက်တိုဘာလ ၁ ရက်နေ့က အခြေခံမဲ ဆန္ဒရှင် စာရင်းများ ကပ်ထား ကြေငြာထားကြောင်း သိရသည်။
Subscribe to