တံတား အောက်တိုဘာ ၆
၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲကြီး အောင်မြင်စွာကျင်းပနိုင်ရေးအတွက် နောက်ဆုံး အကြိမ်အဖြစ် မဲဆန္ဒရှင်စာရင်းများကို တံတားမြို့ပေါ်ရပ်ကွက် ကော်မရှင်ရုံးခွဲများတွင် အောက်တိုဘာ ၁ ရက်နေ့ မှစတင်၍ ကပ်ထားကြောင်း သိရသည်။
ဒုတိယအကြိမ် ကြေငြာသည့် ဆန္ဒမဲပေးပိုင်ခွင့်ရှိသည့် မဲဆန္ဒရှင်စာရင်းများကို အောက်တိုဘာလ ၁ ရက်နေ့မှစတင်၍ အောက်တိုဘာလ ၁၄ ရက်နေ့အထိ နောက်ဆုံးအကြိမ်အဖြစ်(၁၄)ရက်ကြာ ထပ်မံကပ်ထား ကြေညာပေးသွားမည် ဖြစ်ပြီး တံတားမြို့သည် Stay At Home မြို့နယ်တွင် ပါဝင်သဖြင့် မဲဆန္ဒရှင်စာရင်းများ လာရောက်ကြည့်ရှုရာတွင် အခက်အခဲရှိနိုင်သဖြင့် မဲဆန္ဒရှင်စာရင်းတွင် ပါဝင်မှုရှိ/မရှိနှင့် အချက်အလက်များကို စစ်ဆေးနိုင်ရန် ၂၀၂၀ ပြည့်နှစ် အောက်တိုဘာလ ၁ ရက်နေ့မှ စတင်ကာ https://bit.ly/yangon-voters တွင် Online စနစ်ဖြင့် မဲစာရင်း စစ်ဆေးခြင်း၊ မှားယွင်းမှုများရှိပါကလည်း ပုံစံများဖြင့် ဆက်သွယ်လျောက်ထားနိုင်ရန်အတွက်လည်း သက်ဆိုင်ရာ ရပ်ကွက်/ကျေးရွာ ရွေးကောက်ပွဲကော်မရှင် အဖွဲ့ခွဲရုံးများရှိ တာဝန်ရှိသူများက ကူညီဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
ရန်ကုန်တောင်ပိုင်းခရိုင် တံတားမြို့တွင် ရပ်ကွက်(၄)ခုရှိပြီး ၂၀၂၀စ ပြည့်နှစ်ပါတီစုံအထွေထွေ ရွေးကောက်ပွဲကြီး တွင် ဆန္ဒမဲ ပေးပိုင်ခွင့်ရှိသူ ကျား(၃၅၇၃)ဦး၊ မ (၃၈၁၅ဦး၊ စုစုပေါင်း(၇၃၈၈)ဦး ရှိကြောင်းသိရသည်။
တင်နိုင်ဝင်း(တံတား)