ပြင်ဦးလွင်မြို့နယ်အတွင်း ဖြတ်သန်းသွားလာနေသော မော်တော်ယာဉ်များပေါ်ရှိ ယာဉ်မောင်းနှင့် ယာဉ်နောက် လိုက်များအား ကိုဗစ် - ၁၉ ရောဂါပိုး ရှိ / မရှိ စစ်ဆေးပေး
မန္တလေးတိုင်းဒေသကြီးအတွင်း ကိုဗစ် -၁၉ ရောဂါကာကွယ်၊ ထိန်းချုပ်၊ တားဆီးနိုင်ရေးအတွက်ပြင်ဦးလွင်ခရိုင်၊ နောင်ချိုမြို့နယ်နှင့် ပြင်ဦးလွင်မြို့နယ်၊ နယ်စပ် လားရှိုး- ပြင်ဦးလွင် ကားလမ်း ဝက်ဝံကျေးရွာအခြေပြုနေရာတွင် အောက်တိုဘာ ၄ ရက်နေ့ ၊ နံနက် ၆ နာရီမှ စတင်ပြီး ပြင်ဦးလွင်ခရိုင်ကျန်းမာရေးမှူး ဒေါက်တာသန်းဝင်းနှင့ အဖွဲ့ ၊ မြို့နယ်အုပ်ချုပ်ရေးမှူးနှင့် မြို့နယ်အဆင့်ဌာန ဆိုင်ရာအကြီးအကဲများ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများ နှင့်လူမှုရေး အသင်းအဖွဲ့များ ပူးပေါင်းကာ ယာဉ်ပေါ်ရှိ ယာဉ်မောင်းနှင့် ယာဉ်နောက်လိုက်များကို ညွှန်ကြားချက်နှင့်အညီ ကျန်းမားရေး စစ်ဆေးမှုများ ကြီးကြပ်ဆောင်ရွက်လျက်ရှိသည်။