မန္တလေးတိုင်းဒေသကြီးတွင် မဲရုံများ၌ တာဝန်ထမ်းဆောင်မည့်သူများအား ကိုဗစ်နှင့်ပတ်သက်၍ ကျန်းမာရေးအထောက်အကူပြု ပစ္စည်းများပေးသွားရန်ဆောင်ရွက်
၂၀၂ဝပြည့်နှစ် နိုဝင်ဘာ ၈ ရက်နေ့တွင်ကျင်းပမည့် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် မန္တလေးတိုင်းဒေသကြီးရှိ မဲရုံများတွင် တာဝန်ထမ်းဆောင်မည့်သူများအား Mask များ၊ Face shield များ၊ Hand Gel များ ပေးသွားရန်စီစဉ်ထားကြောင်း မန္တလေးတိုင်းဒေသကြီးရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲမှ သိရသည်။