စစ်ကိုင်းတိုင်းဒေသကြီး ပင်လည်ဘူးမြို့၌ ကမ္ဘာ့ဆရာများနေ့ အထိမ်းအမှတ် အသက်(၇၀)နှစ်နှင့်အထက် (အငြိမ်းစား)ဆရာ၊ ဆရာမ ကြီးများအား ပူဇော်ကန်တော့

စစ်ကိုင်းတိုင်းဒေသကြီး ပင်လည်ဘူးမြို့၌ ယမန်နေ့ တွင်ကျရောက်သည့် ကမ္ဘာ့ဆရာများနေ့ အထိမ်းအမှတ် အသက် (၇၀)နှစ်နှင့် အထက်(အငြိမ်းစား) ပညာရေးဝန်ထမ်းဆရာ၊ ဆရာမကြီးများအား ပူဇော်ကန်တော့ခြင်းကို ယမန်နေ့က မြို့နယ်ပညာရေး မိသား စုများ စုပေါင်းပြီးအိမ်တိုင်ရာရောက်သွားရောက် ပူဇော် ငွေများ လှူဒါန်းကန်တော့ခဲ့ကြကြောင်းသိရသည်။

ကောလင်းခရိုင် ဝန်းသိုမြို့နယ်တွင် ကျေးရွာဖွံ့ဖြိုးရေးလုပ်ငန်းများဆောင်ရွက်နိုင်ရေး ကွင်းဆင်း စစ်ဆေး

စစ်ကိုင်းတိုင်းဒေသကြီး၊ ကောလင်းခရိုင်၊ ဝန်းသိုမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မှမြို့နယ် ဦးစီးမှူး ဦးမြတ်မျိုးထွန်းနှင့် ဝန်ထမ်းများသည် ယမန်နေ့ကဂျိုးတောင်ကျေးရွာ၊ ပိန္နဲကုန်းကျေးရွာ၊ ကျောက်ပါးစပ် ကျေးရွာ စသည့် ကျေးရွာများသို့ ကျေးရွာဖွံ့ဖြိုးရေးလုပ်ငန်းများ‌ဆောင်ရွက်နိုင် ရန်အတွက် ကွင်းဆင်းတိုင်းတာ ဆောင်ရွက်ခဲ့ကြ ကြောင်း သိရသည်။

ကျိုင်းတုံမြို့၌ CASH FOR WORK နှင့် ကျေးရွာမတည်ရန်ပုံငွေ (VRFP) စီမံကိန်းဖြင့် ဆောင်ရွက်ပြီးစီးသည့်လုပ်ငန်းများအား ကြည့်ရှုစစ်ဆေး

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံမြို့တွင် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ်တွင် CASH FOR WORK (CFW) နှင့် ကျေးရွာမတည်ရန်ပုံငွေစီမံကိန်း (Village Revolving Fund Project-VRFP) စီမံကိန်းဖြင့် ဆောင်ရွက်ပြီးစီးသည့် လုပ်ငန်းများကို ယမန်နေ့ နံနက် ၈ နာရီအချိန်က ၊ ပင်းတောက်အုပ်စု နမ့်လင်းမိုင်ကျေးရွာနှင့် ကတ်ထိုက်အုပ်စု ဝမ်ဆောင်ကျေးရွာသို့ ကွင်းဆင်းစစ်ဆေးခဲ့သည်။

ဒေးဒရဲမြို့နယ် အုန်းပင်ကျေးရွာသို့ ကွင်းဆင်းသွားရောက်၍ ကိုဗစ်-၁၉ရောဂါ ကာကွယ်ထိန်းချုပ်ရေး လုပ်ငန်းများ ဆောင်ရွက်

ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဒေးဒရဲမြို့နယ်အတွင်း ကိုဗစ်-၁၉ရောဂါ ကာကွယ်ထိန်းချုပ် နိုင်ရေးနှင့် ကူးစက်ပျံ့နှံ့မှု မရှိစေရန် ရည်ရွယ်၍ မြို့နယ် ကိုဗစ်-၁၉ ကာကွယ်ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေး ကော်မတီ တာဝန်ရှိသူများက အုန်းပင်ကျေးရွာအုပ်စုရှိ ကုန်တင်ယာဉ်များ ကုန်ပစ္စည်းတင်ပို့သည့် နေရာသို့ ယမန်နေ့ မွန်းလွဲ ၁နာရီက ကွင်းဆင်း သွားရောက်ခဲ့ကြောင်း သိရသည်။

စစ်ကိုင်းတိုင်းဒေသကြီး တမူးမြို့တွင် ၂၀၂၀ပြည့်နှစ် ပါတီစုံဒီမိုကရေစီ အထွေထွေ ရွေးကောက် ပွဲဆိုင်ရာ အသိ ပညာပေး လက်ကမ်းစာစောင်များနှင့်ပိုစတာများ ဖြန့်ဝေ

စစ်ကိုင်းတိုင်းဒေသကြီး တမူးမြို့တွင် ၂၀၂၀ပြည့်နှစ် နိုဝင်ဘာလ(၈)ရက်နေ့တွင် ကျင်းပ ပြုလုပ်မည့် ပါတီစုံ ဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲ အောင်မြင်စွာကျင်းပနိုင်ရေးအတွက် ပြည်ထောင်စုရွေးကောက်ပွဲ ကော်မ ရှင်က ထုတ်ဝေသည့်"သင့်အမည် မဲဆန္ဒရှင်စာရင်းမှာ ပါ/ မပါ စစ်ဆေးပြီးပြီလား" အသိပညာပေး လက်ကမ်း စာစောင်များနှင့်ပိုစတာများကို ယနေ့ နံနက်(၉)နာရီအချိန်ခန့်က တမူးခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ ဆက်ဆံ ရေး ဦးစီးဌာန ဝန်ထမ်းများက မြို့မစျေးရှိ စျေးသည်များနှင့်စျေးရောင်းသူများအား ဖြန့်ဝေပေးခဲ့ကြောင်း သိရှိ ရသည်။

နွားထိုးကြီးမြို့တွင် စားသုံးရန်မသင့်သော စားသောက်ကုန်ပစ္စည်းများနှင့် သုံးစွဲရန် မသင့်သည့်လူသုံးကုန်ပစ္စည်းများ ရောင်းခြင်း ရှိ/မရှိ ကွင်းဆင်းစစ်ဆေး

နွားထိုးကြီးမြို့အတွင်းရှိ စားသုံးသူပြည်သူများ စားသုံးရန်မသင့်သည့် စားသောက်ကုန်ပစ္စည်းများနှင့် သုံးစွဲရန်မသင့်သည့် လူသုံးကုန်ပစ္စည်းများ ရောင်းချမှုမရှိစေရေးအတွက် ယမန်နေ့ နံနက် ၉ နာရီက နွားထိုးကြီးမြို့ရှိ စည်ပင်သာယာဈေးရှိကုန်စုံဆိုင်များအား ကွင်းဆင်း ကြည့်ရှုစစ် ဆေးခဲ့ကြောင်းသိ ရသည်။

ခရမ်းမြို့မဈေးကြီးတွင်ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ရေး ဈေးရောင်း/ဈေးဝယ်များအား mask များဖြန့်ဝေ

ရန်ကုန်တောင်ပိုင်းခရိုင်၊ ခရမ်းမြို့နယ်အတွင်းကျန်းမာရေးဝန်ကြီးဌာနမှ ထုတ်ပြန်ထားသည့် Stay Home ကာလအတွင်းကိုဗစ် -၁၉ရောဂါကူးစက်ပျံနှံ့မှုအားလျှင်မြန်စေသော  လူစုလူဝေးဖြစ်ပေါ်မှု့ကိုလျှော့ချနိုင်စေရန် အတွက် ခရမ်းမြို့မဈေးကြီးတွင်စားသောက် ကုန်ပစ္စည်းနှင့်သား/ငါး အသီးအနှံများသာရောင်းချ ခွင့်ပြုထားပြီး အခြားမည်သည့် ဆိုင်မျှဆိုင်ဖွင့်ရောင်းချမှုမရှိစေရေးကွင်း ဆင်းစစ်ဆေးခြင်းကို ယနေ့နံနက်၈ နာရီကဆောင်ရွက် ခဲ့သည်။

သရက်ချောင်းမြို့နယ်တွင် မီးဘေးသင့်၍ ပျက်စီးခဲ့သည့် နေအိမ်(၁)အိမ်အတွက် ထောက်ပံ့ငွေနှင့် ပစ္စည်းများပေးအပ်

တနင်္သာရီတိုင်းဒေသကြီး ထားဝယ်ခရိုင် သရက်ချောင်းမြို့နယ် ကြာအင်းကျေးရွာအုပ်စု ပန်းဒေါ့ကျေးရွာ၌ မီးဘေးသင့်၍ ပျက်စီးခဲ့သည့်နေအိမ်(၁)အိမ်အား ထောက်ပံ့ငွေများနှင့်ပစ္စည်းများကို ယနေ့နံနက်ပိုင်းက သွားရောက်ပေးအပ်ခဲ့ကြသည်။

ပင်လောင်းမြို့နယ်အတွင်းရှိ မဲဆန္ဒရှင်များ၏ ဒုတိယအကြိမ် မဲဆန္ဒရှင်စာရင်း ကပ်ထားကြေညာဆောင်ရွက်ထားရှိမှုအား ကွင်းဆင်းစစ်ဆေး

ရှမ်းပြည်နယ်တောင်ပိုင်း ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ပင်လောင်းမြို့နယ်အတွင်းရှိ ထီပေါင်း၊ နောင်ပီ၊ တီကျစ်၊ ဘန့်ပြင်နှင့် နန်းပုလင်းကျေးရွာအုပ်စုတို့ရှိ ရွေးကောက်ပွဲ ကော်မရှင် အဖွဲ့ခွဲရုံးများတွင် ဆန္ဒမဲပေးပိုင်ခွင့်ရှိသည့် မဲဆန္ဒရှင်စာရင်းများကို ကပ်ထားကြေညာ ဆောင်ရွက်လျက်ရှိရာ မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ အတွင်းရေးမှူး ဦးမင်းထက်အောင်၊ အဖွဲ့ဝင်များဖြစ်သည့် ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး ဦးခွန်သိန်းရွှေနှင့် မြို့နယ်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးမှူး ဦးထွန်းလင်းတို့က မဲဆန္ဒရှင်စာရင်းများ ဒုတိယအကြိမ် ကပ်ထားကြေညာ ဆောင်ရွက်ထားရှိမှုအခြေအနေကို ယနေ့နံနက်ပိုင်း၌ ကွင်းဆင်းစစ်ဆေးခဲ့ကြသည်။

စမ်းချောင်းမြို့နယ်တွင်ဖွင့်လှစ်ထားသော Quarantine Centreများရှိစောင့်ကြည့် လူနာများ၊ ကျန်းမာရေး ဝန်ထမ်းများနှင့် စေတနာ့ဝန်ထမ်းများအတွက် အစား​သောက်နှင့်​ ဆေးဝါးများလှူဒါန်း

ရန်ကုန်မြို့အားချစ်မြတ်နိုးပြီး သန့်ရှင်းသာယာလှပစေလိုသူပရဟိတအဖွဲ့များ စုဖွဲ့ထားသည့်We Love Sanchaung အဖွဲ့သည်စမ်းချောင်းမြို့နယ်တွင် ဖွင့်လှစ်ထား​သော Quarantine Centre များရှိစောင့်ကြည့် လူနာများ၊ ကျန်းမာရေးဝန်ထမ်းများနှင့် စေတနာ့ဝန်ထမ်းများတွက် အစားသောက်နှင့် ဆေးဝါးများကို ယ​နေ့နံနက်ပိုင်းက သွား​ရောက်လှူဒါန်းခဲ့​ကြောင်းသိရသည်။
Subscribe to