မော်လမြိုင်ကျွန်းမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ positive တစ်ဦး တွေ့ရှိပြီး ထိတွေ့သူများအား Facility Quarantine ဝင်ရောက်နိုင်ရေးဆောင်ရွက်

မော်လမြိုင်ကျွန်း အောက်တိုဘာ ၆

မော်လမြိုင်ကျွန်းမြို့နယ်တွင် ကျုံမငေးမြို့နယ်ပြန်  Facility Quarantine  ထားရှိသူ  ငါးဦးအနက် အမျိုးသမီးတစ်ဦးသည် ကျန်းမာရေးနှင့်အားကစားဝန်ကြီး ဌာနမှစစ်ဆေးထားရှိသော swab အဖြေ မှ positive ဖြစ်ပေါ်ခဲ့ပြီး အဆိုပါ positive လူနာအားမော်လမြိုင်ကျွန်းမြို့နယ်ဆေးရုံ    Isolation Room တွင်ထားရှိလျက် အနီးကပ် ကျန်းမာရေးစောင့်ရှောက်မှုပေးလျက်ရှိရာ လူနာသည်လည်း ကျန်းမာရေးကောင်းမွန် လျက်ရှိကြောင်း သိရသည်။

အဆိုပါလူနာ၏နေအိမ်အား lock down  ချထားပြီး primary contact များ အား Facility Quarantine ထားရှိရန်စီစဉ် ထားရှိကာ second contact များအား Home Quarantine ထားရှိခဲ့သည်။

လူနာနှင့်အနီးကပ်ထိစပ်သူ အမျိုးသား (၃)ဦး၊ အမျိုးသမီး(၁၆)အား အထက(၁) quarantine centre တွင် ဝင်ရောက် နေထိုင်နိုင်ရန်စီစဉ်ထားရှိပါကြောင်းမြို့နယ် ကိုဗစ်-၁၉ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန့်ရေး ကော်မတီမှသိရသည်။

သီတာအောင်(ပြန်ဆက်)