ဟိုပုံးမြို့ မြို့မဈေး၌ FDA မှတားမြစ်ထားသော စားသောက်ကုန်ပစ္စည်းများ ရောင်းခြင်း ရှိ/မရှိ ကွင်းဆင်းစစ်ဆေး

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဟိုပုံးမြို့အတွင်းရှိ စားသုံးသူ ပြည်သူများ စားသုံးရန်မသင့်သည့် စားသောက်ကုန်ပစ္စည်းများ ရောင်းချမှုမရှိစေရေးအတွက် ယနေ့ နံနက် ၉ နာရီအချိန်က FDA မှ တားမြစ်ထားသော စားသောက်ကုန်ပစ္စည်းများ ရောင်းခြင်း ရှိ/မရှိ ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့ကြောင်းသိရသည်။

ကျောက်တံတားမြို့နယ်တွင် အသက်(၈၀)နှစ်နှင့် (၈၅)နှစ်ကြား သက်ကြီးဘိုးဘွားများအား ထောက်ပံ့ ငွေများပေးအပ်

ကျောက်တံတားမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမတွင် ယမန်နေ့ နေ့လယ်က လူမှုဝန်ထမ်းဦးစီးဌာနမှ အသက်(၈၀)နှစ်နှင့် (၈၅)နှစ်ကြားရှိ သက်ကြီးဘိုးဘွားများအတွက် လူမှုရေးပင်စင်ထောက်ပံ့ငွေအဖြစ် တစ်ဦးလျှင် ငွေကျပ် ၃၀၀၀ဝိ/- နှုန်း ထောက်ပံ့ပေးအပ်မှုအား မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန မြို့နယ် အုပ်ချုပ်ရေးမှူးမှ သက်ဆိုင်ရာ ရပ်ကွက်အုပ်ချုပ် ရေးမှူးများထံ လွှဲပြောင်းပေးအပ်ခဲ့ ကြောင်း သိရသည်။

ကောလင်းခရိုင် ကောလင်းမြို့တွင် ၂၀၂၀ - ပြည့်နှစ် ကမ္ဘာ့ဆရာများနေ့ အထိမ်း အမှတ်အဖြစ် အသက်(၇၀) နှစ် နှင့်အထက် ဆရာကြီး၊ဆရာမကြီးများအား အိမ်တိုင် ရာရောက် သွားရောက် ပူဇော်ကန်တော့

စစ်ကိုင်းတိုင်းဒေသကြီး၊ ကောလင်းခရိုင်၊ ကောလင်းမြို့နယ်တွင် အောက်တိုဘာလ(၅) ရက်နေ့ ကမ္ဘာ့ဆရာများနေ့အထိမ်းအမှတ် အငြိမ်းစားဆရာကြီး ဆရာမကြီးများအား ပူဇော်ကန်တော့ပွဲကို နှစ်စဉ်ကျင်းပ ပြုလုပ်လျက်ရှိရာ ယမန်နေ့ ကမ္ဘာ့ဆရာများနေ့ တွင် တာဝန်ရှိသူများက အငြိမ်းစား ဆရာကြီး၊ ဆရာမ ကြီးများ၏ အိမ်တိုင်ရာရောက် သွားရောက်၍ ပူဇော်ကန်တော့ ခဲ့ကြကြောင်း သိရသည်။

လိုင်လင်းပီမြို့၌ ပုံမှန်ဝင်ငွေမရှိသော အခြေခံလူတန်းစားများအတွက် ထောက်ပံ့ငွေများပေးအပ်

ချင်ပြည်နယ်၊ လိုင်လင်းပီမြို့၌ ကိုဗစ်-၁၉ ရောဂါကာလ စီးပွားရေးကုစားမှု အစီအစဉ်အရ နိုင်ငံတော်မှ ထောက်ပံ့ပေးသည့် ပုံမှန်ဝင်ငွေမရှိသော အခြေခံလူတန်းစား အိမ်ထောင်စုများအား တတိယအကြိမ် ထောက်ပံ့ငွေများပေးအပ်ခြင်းကို ယနေ့ နံနက်(၉)နာရီအချိန်မှစတင်ပြီး ရပ်ကွက်အုပ်ချုပ်ရေးမှူးများက အခြေခံအိမ်ထောင်စုများ လက်ဝယ်အရောက် ပေးအပ်ခဲ့ကြသည်။

ရှမ်းရွာသစ်မြို့ ခလော့ဒေးကျေးရွာတွင် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်မှ ထုတ်ဝေသည့် လက်ကမ်းစာစောင်များနှင့် ပိုစတာများဖြန့်ဝေ

ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ ရှမ်းရွာသစ်မြို့တွင် ပြည်သူများအနေဖြင့် မဲစာရင်းတွင် မိမိအမည် ပါ/မပါ သွားရောက်ကြည့်ရှုရမည့် အသိရှိစေရန်နှင့် ဆန္ဒမဲပေးပိုင်ခွင့် မဆုံးရှုံးကြ စေရန် ရည်ရွယ်၍ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်မှ ထုတ်ဝေသည့် လက်ကမ်းစာစောင်နှင့် ပိုစတာများ ဖြန့်ဝေခြင်းကို ယမန်နေ့က ပိုးပလေကျေးရွာအုပ်စု၊ ခလော့ဒေး ကျေးရွာတွင် ကျေးရွာ ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲမှ တာဝန်ရှိသူများတို့က ပြည်သူများထံ လိုက်လံဖြန့်ဝေပေးခဲ့သည်။

ရန်ကင်းမြို့နယ် ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ် ကုသရေးကော်မတီသို့ စေတနာရှင် ပြည်သူများ မှ အလှူငွေများ လာရောက်လှူဒါန်း

ရန်ကုန်အရှေ့ပိုင်းခရိုင်၊ ရန်ကင်းမြို့နယ်အတွင်း ဖွင့်လှစ်ထားရှိသော Quarantine Centre များတွင် အသုံးပြုနိုင် ရန်အတွက် မြို့နယ် ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ် ကုသရေးကော်မတီသို့ အလှူငွေများကို ယမန်နေ့က လာရောက်လှူဒါန်းခဲ့ကြောင်း သိရှိရသည်။

မိုင်းယောင်း၌ ခရိုင်ကော်မရှင်အဖွဲ့နှင့် မြို့နယ်ကော်မရှင်အဖွဲ့ဝင်များ တွေ့ဆုံ

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်ခရိုင် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲနှင့် မိုင်းယောင်း မြို့နယ် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ အဖွဲ့ဝင်များနှင့် တွေ့ဆုံခြင်းကို ယနေ့ နံနက်ပိုင်းက မိုင်းယောင်းမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ပြုလုပ်ခဲ့ကြောင်း မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲမှ သိရသည်။

စစ်ကိုင်းတိုင်းဒေသကြီး ဒီပဲယင်းမြို့ မြို့မရပ်ကွက်တွင် အသက် (၈၀)နှစ်နှင့်(၈၅)နှစ်ကြား အဘိုးအဖွားများအားထောက်ပံ့ငွေပေးအပ်

စစ်ကိုင်းတိုင်းဒေသကြီး၊ဒီပဲယင်းမြို့မရပ်ကွက်ရှိ အသက်(၈၀)နှစ် နှင့် (၈၅)နှစ်အကြား သက်ကြီးအဘိုးအဖွားများအား ကိုဗစ်-၁၉စီးပွားရေးကုစားမှုအစီစဉ်အရ လူမှုဝန်ထမ်း ဦးစီးဌာနမှ ထောက်ပံ့သော ထောက်ပံ့ငွေတစ်ဦးလျှင် ၃ သောင်းကျပ်စီ ပေးအပ်ခဲ့ ကြောင်း သိရှိရသည်။

မောက်မယ်မြို့နယ်၌ သက်ကြီးရွယ်အိုဘိုးဘွားများအား ထောက်ပံ့ငွေများ လက်ဝယ်အရောက်ပေးအပ်

ကိုဗစ်-၁၉ စီးပွားရေးကုစားမှုအစီအစဉ်အရ ရှမ်းပြည်နယ် (တောင်ပိုင်း)၊ လင်းခေးခရိုင်၊ မောက်မယ်မြို့နယ်တွင် အသက်(၈၀)နှစ်ပြည့်ပြီး (၈၅)နှစ် မပြည့်သေးသူနှင့် အသက်(၈၅)နှစ်အထက် သက်ကြီးရွယ်အိုဘိုးဘွားများအား လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာနမှ ထောက်ပံ့ငွေများကို မောက်မယ်မြို့ပေါ် ၇ ရပ်ကွက်တွင် ယနေ့နံနက်ပိုင်းက စတင်၍ လူမှုဝန်ထမ်းဦးစီးဌာနမှ ဝန်ထမ်းများက အိမ်တိုင်ယာရောက် လိုက်လံ ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။

စစ်ကိုင်းတိုင်းဒေသကြီး ရွှေဘိုခရိုင် ခင်ဦးမြို့တွင် စားသောက်ဆိုင်နှင့် လ္ဘက်ရည်ဆိုင်များအားလုံး (Take Away) ပါဆယ်စနစ်ဖြင့် ရောင်းချမှု ရှိ၊ မရှိ စစ်ဆေးဆောင်ရွက်

စစ်ကိုင်းတိုင်းဒေသကြီး၊ ရွှေဘိုခရိုင်၊ ခင်ဦးမြို့နယ် စည်ပင်သာယာရေးကော်မတီမှ ကိုဗစ်-၁၉ ရောဂါ ကာကွယ် ထိန်းချုပ်တားဆီးရေးနှင့် ရောဂါပိုး ကူးစက်ပြန့်နှံ့မှု မရှိစေရေး ဆက်လက် ထိန်းချုပ်နိုင်ရန်အတွက် စားသောက် ဆိုင်နှင့် လ္ဘက်ရည်ဆိုင်များအားလုံး (Take Away) ပါဆယ်စနစ်ဖြင့် ရောင်းချမှု ရှိ၊ မရှိ ကို ယနေ့တွင် ကွင်းဆင်း စစ်ဆေးဆောင်ရွက်ခဲ့သည်။
Subscribe to