ကွမ်းခြံကုန်းမြို့နယ်မြို့မဈေးကြီးအတွင်း ကူးစက်မြန်ကိုဗစ်-၁၉ရောဂါကြိုတင်ကာကွယ်ရေးအတွက် စည်းကမ်း တကျ‌ရောင်းဝယ်ကြရန်ကြပ်မတ်စစ်ဆေးခြင်းနှင့်(mask campaign)ဆောင်ရွက်

ကွမ်းခြံကုန်း   အောက်တိုဘာ ၆

ရန်ကုန်တိုင်းဒေသကြီး၊ တောင်ပိုင်းခရိုင်ကွမ်းခြံကုန်းမြို့နယ်မြို့မဈေးကြီး အတွင်းကူးစက်မြန်ကိုဗစ်-၁၉ရောဂါကြိုတင်  ကာကွယ်ရေး အတွကအသိပညာပေးခြင်း၊ ဈေးရောင်းချသူ၊ ဈေးဝယ်သူများ စည်းကမ်းတကျ ရောင်းဝယ်ကြစေရန်ကြပ်မတ် စစ်ဆေးခြင်းနှင့်(mask campaign)ဆောင်ရွက်မှုကို ယမန်နေ့မနက်ပိုင်းကတိုင်း ဒေသကြီး လွှတ်တော်ကိုယ်စားလှယ်များ၊ ဌာနဆိုင်ရာများလူမှုကူညီရေးအဖွဲ့ဝင် များပူးပေါင်းဆောင်ရွက် ခဲ့ကြောင်း သိရသည်။

အဆိုပါအသိပညာပေးလုပ်ငန်းများ ပူးပေါင်းဆောင်ရွက်မှုကို  အမှတ်၂တိုင်း‌ဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးအောင်မင်းမင်း၊ မြို့နယ်စည်ပင်အမှုဆောင်အရာရှိဦးမြင့်ဦး၊ မြို့နယ်စည်ပင် သာယာကော်မတီဥက္ကဌ ဦးမြင့်ဇော်နှင့်ဌာန ဆိုင်ရာများ၊စည် ပင်သာယာဝန်ထမ်းများ(We Love Kungyangon) အဖွဲ့ဝင်များပူးပေါင်း၍ မြို့မဈေးကြီး အတွင်းဈေးရောင်းချသူ၊ ဈေးဝယ်လာသူများအား ကူးစက်မြန်ကိုဗစ်ကာလ ဖြစ်သဖြင့်ကျန်းမာ ရေးနှင့်အားကစားဝန်ကြီးဌာန မှညွှန်ကြားချက်များ အတိုင်းတစ်အိမ်တစ် ယောက်ဈေးဝယ်ထွက်ရန်၊ ()ပေအကွာမှ ဝယ်ယူရောင်းချရန်၊နှာခေါင်း စည်း(mask)တပ်ရန်နှင့် တစ်ခုခုကိုင်တွယ်ပြီးတိုင်း လက်ကိုဆပ် ပြာဖြင့် စက္ကန့်(၂၀)ကြာဆေး ကြောရန်၊ လူစုလူဝေးရှောင်ရှားရန်၊တတ်နိုင်သမျှ မိမိအိမ်တွင်သာနေ ထိုင်ရန်၊ (Stay at Home)ကာလဖြစ်သဖြင့်အကြောင်းမဲ့ ပြင်ပသို့မထွက်ရန်တို့ကိုအသိပညာပေးနှိုး ဆော်၍၊ နှာခေါင်းစည်း (mask)များအခမဲ့ဖြန့်ဝေပေးခဲ့ကြပြီး စည်းကမ်းမဲ့ဈေးရောင်းချမှု၊ ဝယ်ယူမှုများ မဖြစ်ပေါ်စေရေး အတွက်ကြပ် မတ်စစ်ဆေးဆောင်ရွက်ခဲ့ကြောင်းသိရသည်။

ထွန်းထွန်းစိုး(ပြန်/ဆက်)