ဒေးဒရဲမြို့နယ်ရှိ သာသနာ့ဗိမာန်အား ယာယီဆေးရုံအဖြစ် ပြင်ဆင်ဆောင်ရွက်နိုင်ရေး အလှူငွေများပေးအပ်လှူဒါန်း

ဒေးဒရဲ  အောက်တိုဘာ  ၆

ဧရာဝတီတိုင်း‌ဒေသကြီး၊ ဖျာပုံခရိုင်၊ ဒေးဒရဲမြိုနယ်အတွင်း ကိုဗစ်-၁၉ ပိုးတွေ့လူနာများ ပိုမိုများပြားလာပါက အနီးကပ် ကျန်းမာရေးစောင့်ရှောက်မှုပေးနိုင်ရန်နှင့် ဆက်လက်ဆေးကုသမှု ပေးနိုင်ရန် ရည်ရွယ်၍ သာသနာ့ ဗိမာန်အား ယာယီဆေးရုံအဖြစ် ပြင်ဆင်ဆောင်ရွက် နိုင်ရေးအတွက် အလှူငွေများကို မြို့နယ်အဆင့် ကိုဗစ်-၁၉ ကာကွယ်ထိန်းချုပ်နိုင်ရေး အသိပညာပေးမဏ္ဍပ်သို့ ယမန်နေ့ နံနက် ၈ နာရီမှ စ၍ စေတနာရှင်၊ အလှူရှင်များက လာရောက် လှူဒါန်းလျက်ရှိကြောင်း သိရသည်။

အဆိုပါ သာသနာ့ဗိမာန်တော်ကြီးအား ယာယီဆေးရုံအဖြစ် ပြင်ဆင်ဆောင်ရွက်နိုင်ရေးအတွက် ဦးရဲစိုးအောင်၊ ‌ဒေါ်မြတ်မြတ်မွန် မိသားစုက (၃)သိန်းကျပ်၊ ဦးသူရဇော်၊ ဒေါ်မြင့်မြင့်ခိုင်မိသားစုက (၅)သောင်းကျပ်၊ ဦးသထိုးဟိန်း၊ ဒေါ်စိုးမာလာ(မြန်မာသြဘာ)မိသားစုက (၅)သိန်းကျပ်၊ ဦးသိန်းဟန်၊ ဒေါ်ပပသင်း မိသားစုက (၁)သိန်းကျပ်၊ ဦးဇေယျာဝင်းထက်၊ ဒေါ်ထက်ထက်စမ်း မိသားစုက (၅)သောင်းကျပ်၊ ဦးဇော်လွင်၊ ဒေါ်မြမြမိသားစုက (၁)သိန်းကျပ်၊ ဦးစစ်ပိုင်စွမ်း (ဖောင်ကြီး)က (၂)သောင်းကျပ်၊ ဦးကျော်ဆွေဦး၊ ‌‌ဒေါ်ညိုမိသားစုက (၁)သိန်းကျပ်၊ သစ်ဆန်းညွန့်စတိုးမိသားစုမှ (၃)သောင်းကျပ်၊ ဖိုးချစ်ကဖီးမိသားစုမှ (၃)သောင်းကျပ်၊ ဦးလှိုင်ဝင်း၊ ဒေါ်စုမြတ်နှင်းမိသားစုက (၁)သောင်းခွဲကျပ်၊ မြို့နယ်မီးသတ် ဦးစီးဌာန ဝန်ထမ်းများက (၁)သိန်းခွဲကျပ်၊ ကိုနိုင်မင်း၊ မမြင့်မြင့်သန်း (မိဘမေတ္တာ)မိသားစုမှ (၂)သိန်းကျပ်၊ ဆရာမဒေါ်နုနု‌အေးမိသားစုက (၃)သောင်းကျပ်နှင့် ကိုမျိုးချစ်၊ မခင်မို့မို့လွင် မိသားစုက (၇)‌သောင်းကျပ်၊ စုစုပေါင်းလှူဒါန်းငွေ (၁၇၄၅၀၀၀)ကျပ်တို့ကို ပေးအပ်လှူဒါန်းရာ မြို့နယ် ကိုဗစ်-၁၉ ကာကွယ်ထိန်းချုပ်ရေး အထောက်အကူပြု ကော်မတီ ဥက္ကဋ္ဌ ဦးမြင့်ဦးနှင့် တာဝန်ရှိသူများက လက်ခံရယူခဲ့၍ ကျေးဇူးစကား ပြန်လည်ပြောကြားခဲ့ကြောင်း သိရသည်။

မြင့်မြင့်ခိုင်(ပြန်/ဆက်)