မိုင်းတုံ အောက်တိုဘာ ၆
ရှမ်းပြည်နယ်(အရှေ့ပိုင်း)မိုင်းဆတ်ခရိုင်၊ မိုင်းတုံမြို့၌ ဆုံဆို့နာရောဂါ ကပ်ရောဂါအသွင်ဖြစ်ပွားခဲ့သဖြင့် ဆုံဆို့နာရောဂါကာကွယ်ဆေး ဒုတိယအကြိမ်ထိုးနှံပေးခြင်းကို ယနေ့ နံနက် ၇ နာရီက မြို့မရပ်ကွက်၊ မြို့လယ်ဓမ္မာရုံတွင် ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
မြို့နယ်ဆရာဝန်ကြီး ဒေါက်တာသက်ခိုင်မင်း၏ ကြီးကြပ်မှုဖြင့် ကျန်းမာရေးဝန်ထမ်းများက မြို့မ ရပ်ကွက်နှင့် မြို့မ(ကွက်သစ်)ရှိ အသက် (၁၅)နှစ်အောက်ကလေး(၆၀၀)ဦးခန့်ကို ဆုံဆို့နာရောဂါ ကာကွယ်ဆေး ဒုတိယအကြိမ် ထိုးနှံပေးသွားမည်ဖြစ်ပြီး ယနေ့ ညနေ(၄)နာရီအထိ မြို့လယ်ဓမ္မာရုံတွင် ထိုးနှံပေးသွားမည် ဖြစ်ကြောင်း သိရသည်။
စိုင်းအောင်ထွေး (ပြန်/ဆက်)