ထားဝယ်မြို့နယ်တွင် ၂၀၂၀-၂၀၂၁ ခု ဘဏ္ဍာရေးနှစ်၊ လုပ်ငန်းသုံးပစ္စည်းဝယ်ယူခြင်း၊ လုပ်ငန်းသုံးယာဉ်များဝယ်ယူခြင်း အိတ်ဖွင့်တင်ဒါဖွင့်ပွဲ အခမ်းအနားကျင်းပ

ထားဝယ်            အောက်တိုဘာ ၆

တနင်္သာရီတိုင်းဒေသကြီးထားဝယ်မြို့နယ် စည်ပင်သာယာရေးအဖွဲ့၂၀၂၀-၂၀၂၁ ခု ဘဏ္ဍာရေးနှစ်လုပ်ငန်းသုံး ပစ္စည်းဝယ်ယူခြင်းလုပ်ငန်းသုံးယာဉ်များဝယ်ယူခြင်း အိတ်ဖွင့်တင်ဒါဖွင့်ပွဲအခမ်းအနားကို ယမန်နေ့ မွန်းလွဲ ၂ နာရီ က ထားဝယ်မြို့မြို့တော်ခန်းမ၌ကျင်းပသည်

အခမ်းအနားတွင် ထားဝယ်မြို့နယ် စည်ပင်သာယာရေးကော်မတီ အတွင်းရေးမှူး မြို့နယ်စည်ပင်သာယာ ရေးအဖွဲ့အမှုဆောင်အရာရှိဦးသက်ထွန်းစံ က တင်ဒါဆိုင်ရာစည်းကမ်းချက်များအား ရှင်းလင်းပြောကြားပြီး အင်ဂျင်နီယာမှူး ဦးနေမျိုးက တင်ဒါခေါ်ယူသည့် ပစ္စည်းများ၏ စံချိန်စံညွှန်းများအားရှင်းလင်းတင်ပြသည်

ထိုနောက် ရေပုပ်စုပ်ယာဉ်(5000L Steel Tank) (၁)စီး၊ Floating Excavactor(13 Ton)(၁)စီး အပါအဝင် လုပ်ငန်းသုံး ပစ္စည်းLOT – 31 ခုအား တင်ဒါတင်သွင်းသည့်ကုမ္ပဏီ(၆၆)ခုက စျေးနှုန်းအဆိုပြုလွှာများကိုတင်သွင်း ခဲ့ရာ တာဝန်ရှိသူများ က အဆိုပြုလွှာများဖွင့်ဖောက်စစ်ဆေးသည်

အဆိုပါ၂၀၂၀-၂၀၂၁ ခုဘဏ္ဍာရေးနှစ် လုပ်ငန်းသုံးပစ္စည်းဝယ်ယူခြင်းလုပ်ငန်းသုံးယာဉ်များ ဝယ်ယူ ခြင်းအိတ်ဖွင့်တင်ဒါဖွင့်ပွဲ အခမ်းအနားကိုကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနမှထုတ်ပြန်ထားသည့်စ ည်းကမ်း ချက်များအားလိုက်နာဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။

ကျော်ကျော်လတ်(ပြန်/ဆက်)