မင်းတပ်မြို့၌ အသွားအလာကန့်သတ်စောင့်ကြည့်နေရာ နေထိုင်ပြီးစီးသူများအား လက်မှတ်များပေးအပ်

မင်းတပ်မြို့ ပြည်သူ့ဆေးရုံဝင်း ဝန်ထမ်းအိမ်ရာနှစ်ထပ်ဆောင်၌ ယမန်နေ့ ညနေပိုင်းတွင် Facility Quarantine နေထိုင်ပြီးသူငါးဦးအား မြို့နယ်အုပ်ချုပ်ရေးမှူး ဦးမင်းဧရာထိုက်နှင့် တာဝန်ရှိသူများက အိမ်ပြန်ခွင့်လက်မှတ်များပေးအပ်ကြောင်း သိရသည်။

ကလောမြို့နယ်၌ ကုန်တင်ယာဉ်မောင်းနှင့် ယာဉ်နောက်လိုက်တို့အား ကိုဗစ်-၁၉ ရောဂါပိုး ရှိ/မရှိ Test Kit ဖြင့် စစ်ဆေး

ရှမ်းပြည်နယ်(တောင်ပိုင်း) ကလောမြို့နယ် ၊ ဝက်ဖြူရေကျေးရွာအုပ်စု မိတ္ထီလာ - ကလော သွားကားလမ်း(ပြည်ထောင်စုလမ်းမကြီး)ရှိ၊ ရေယားကျေးရွာ တွင် စစ်ဆေးရေးဂိတ် ဖွင့်လှစ်၍ ကုန်တင်ယာဉ်များ ယာဉ်မောင်း/ယာဉ်နောက်လိုက်တို့အား ယမန်နေ့ နံနက် ၆ နာရီခွဲအချိန်ခန့်မှစ၍ ကိုဗစ်-၁၉ ရောဂါပိုး ရှိ/မရှိကို Test Kit ဖြင့် စစ်ဆေးဆောင်ရွက်လျက်ရှိရာ ည ၁၂ နာရီအချိန်ထိ (၂၀၃)ဦးအား စစ်ဆေးဆောင်ရွက်နိုင်ခဲ့ပြီး ကိုဗစ်-၁၉ ရောဂါပိုး တစ်ဦး ထပ်မံတွေ့ရှိကြောင်း သိရသည်။

လပွတ္တာမြို့နယ်တွင် ကိုဗစ်-၁၉ ပိုးတွေ့လူနာ ၁၀ ဦး ရောဂါသက်သာ ပျောက်ကင်း၍ ဆေးရုံမှဆင်းခွင့်ရ

ဧရာဝတီတိုင်းဒေသကြီးလပွတ္တာ မြို့နယ်တွင် ကိုဗစ်(၁၉)ပိုးတွေ့ရှိသော ​မောင်ငယ်ကျေးရွာ အုပ်စု ငမိုးရိပ်ကျေးရွာနေ ဦးပိန်အပါဝင် ၁၀ ဦးသော လူနာတို့သည် ယနေ နံနက်ပိုင်းတွင် ရောဂါသက်သာပျောက်ကင်း၍ (၃)မိုင် ကုတင်(၂၀၀) ပြည်သူ့ဆေးရုံကြီးမှ ဆေးရုံဆင်းခွင့် ရရှိကြောင်းသိရသည်။

ရန်ကုန်တောင်ပိုင်းခရိုင် တံတားမြို့တွင် (Stay at Home) ကာလအတွင်း နေအိမ်ပြင်ပသို့ မလိုလားအပ်ဘဲ ပြည်သူများ သွားလာမှုမရှိစေရေး ကြပ်မတ်စစ်ဆေး

ရန်ကုန်တောင်ပိုင်းခရိုင် တံတားမြို့တွင် ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၏ (Stay at Home) ညွှန်ကြားချက်အရ အကြောင်းမဲ့ နေအိမ်ပြင်ပသို့ သွားလာမှုမရှိစေရေး၊ အရေးပေါ်အခြေအနေ ကိစ္စရပ် မရှိပဲ မြို့နယ်ကျော်သွားလာခြင်းများ မရှိစေရေးအတွက် တံတားမြို့ ကိုဗစ်-၁၉ ထိန်းချုပ်ရေးနှင့်အရေး ပေါ်တုံ့ပြန်ရေးကော်မတီ၏ ဦးဆောင်မှုဖြင့် ဌာနဆိုင်ရာများ၊ မီးသတ်တပ်ဖွဲ့ဝင်များ၊ မြို့နယ်ရဲတပ်ဖွဲ့ ဝင်များ၊ ကြက်ခြေနီတပ်ဖွဲ့ဝင်များ၊ လူမှုကူညီရေးအသင်းအဖွဲ့ဝင်များက ပူးပေါင်းပါဝင်၍ နေ့စဉ် ကြပ်မတ်စစ်ဆေး ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

ရှမ်းပြည်နယ်(အရှေ့ပိုင်း)တွင်း Rapid Diagnostic Test (RTD) ဖြင့် ကိုဗစ်-၁၉ ရောဂါကူးစက်ခံရမှု ရှိ/မရှိ ပြည်နယ်၊တိုင်းခြား ဝင်ရောက်လာသော ကုန်တင်ယာဉ်များမှ ယာဉ်မောင်းနှင့် ယာဉ်နောက်လိုက်များအား စစ်ဆေးသွားမည်ဖြစ်

ရှမ်းပြည်နယ်(အရှေ့ပိုင်း)အတွင်း ကုန်စည်စီးဆင်းမှု ချောမွေ့လွယ်ကူစေရေးအတွက် ရှမ်းပြည်နယ် ပြည်နယ်၊ တိုင်းခြားဝင်ရောက်လာသော ကုန်တင်ယာဉ်များ၏ ယာဉ်မောင်းနှင့် ယာဉ်နောက်လိုက်များကို ကိုဗစ်-၁၉ ရောဂါ ကူးစက်ခံရမှု ရှိ/မရှိ ကို Rapid Diagnostic Test (RTD) ဖြင့် စစ်ဆေးဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း သိရှိရသည်။

ရန်ကင်းမြို့နယ်တွင် Quarantine Center ထပ်မံဖွင့်လှစ်ရန် အခြေခံပညာကျောင်းများ အား ကွင်းဆင်းစစ်ဆေး

ကိုဗစ်-၁၉ ရောဂါ ပြည်တွင်းကူးစက်မှု များပြားလာသည်နှင့်အမျှ ရောဂါပိုးရှိသူများနှင့် ဆက်စပ်လူနာ များထားရှိရန် ရန်ကုန်တိုင်းဒေသကြီး၊ အရှေ့ပိုင်းခရိုင်၊ ရန်ကင်းမြို့နယ်တွင် Quarantine Center များကို အ.ထ.က(၁) ကျောင်းနှင့် အ.လ.က (၅) ကျောင်းတို့တွင်လည်းကောင်း၊ ကိုဗစ်-၁၉ ကုသရေး ဌာနကို ရန်ကင်းပညာရေး ကောလိပ်(TTC)တွင်လည်းကောင်း ဖွင့်လှစ်ထားကြောင်း သိရှိရသည်။

သိန္နီမြို့ဝင်၌ ကျန်းမာရေးစစ်ဆေးရေး ဂိတ်ဖွင့်လှစ်

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊လားရှိုးခရိုင်၊ သိန္နီမြို့တွင် ယနေ့နံနက်(၆)နာရီအချိန်ခန့်က မြို့အဝင် ကျန်းမာရေးစစ်ဆေးရေးဂိတ်အား ခရီးသွားများနှင့်ယာဉ်မောင်းများ၏ ကျန်းမာရေးစောင့်ရှောက်စစ်ဆေးမှုများ ဆောင်ရွက်ရန် သိန္နီမြို့ အဝင်တွင် ဖွင့်လှစ်ခဲ့ကြောင်း သိရှိရသည်။

သီပေါမြို့နယ်တွင် အထွေထွေရွေးကောက်ပွဲဆိုင်ရာ အသိပညာပေးလက်ကမ်းစာစောင် အခမဲ့ဖြန့်ဝေ

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ သီပေါမြို့နယ်တွင် ၂၀၂၀ပြည့်နှစ် နိုဝင်ဘာ ၈ ရက်နေ့တွင် ကျင်းပပြုလုပ်မည့် ပါတီစုံ ဒီမိုကရေစီအထွေထွေရွေးကောက်ပွဲကြီး အောင်မြင်စွာကျင်းပနိုင်ရေး အတွက် ထုတ်ဝေထားသော အသိပညာပေး လက်ကမ်းစာစောင်များကို ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနမှ ဝန်ထမ်းများက ယနေ့နံနက်ပိုင်းက ဝက်ဝံယာယီပျံကျစျေး၊ မြို့မစျေးကြီးနှင့် စျေးလမ်းတစ်လျှောက် ကုန်စုံဆိုင်များနှင့် ဆိုက်ကားဂိတ်များတွင် အခမဲ့ဖြန့်ဝေခဲ့ကြသည်။

အလုံစျေး၌ စျေးရောင်းချသူများနှင့် စျေးဝယ်သူများအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေးအတွက် မျက်နှာအကာ(Face Shield)များ လှူဒါန်းခြင်းနှင့် အသိပညာပေးခြင်းများဆောင်ရွက်

အလုံမြို့နယ် စည်ပင်သာယာရေးကော်မတီနှင့် We Love Yangon (Ahlone)တို့ ပူးပေါင်းမှုဖြင့် အလုံ စျေး၌ စျေးရောင်းချသူများအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေးအတွက် မျက်နှာအကာ (Face Shield) များ လှူဒါန်းနှင့် အသိပညာပေးခြင်းများကို ယနေ့ နံနက်ပိုင်းက ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
Subscribe to