အလုံ အောက်တိုဘာ ၆
ရန်ကုန်အနောက်ပိုင်းခရိုင်၊ အလုံမြို့နယ်အတွင် Community Based Facility Quarantine Centre များကို အ-ထ-က(၇)နှင့် အ-ထ-က(၄) အလုံတို့တွင် ဖွင့်လှစ်ဆောင်ရွက်ထားရာ အဆိုပါ Quarantine Centre များတွင် အသုံးပြုရန်အတွက် ယနေ့ နံနက်ပိုင်းက အလှူငွေနှင့် PPEဝတ်စုံ(၅၀)စုံ လာရောက် လှူဒါန်းခဲ့ကြောင်း သိရသည်။
ထိုသို့လှူဒါန်းရာတွင် အလှူရှင် ဒန်အိုးစက်မိသားစုမှ အလှူငွေ ၃၂၀၀၀၀ ကျပ်၊ RC3 BCMT (၇၉-၈၀) သူငယ်ချင်းများမှ PPE ဝတ်စုံ(၅၀)စုံတို့ကို လှူဒါန်းပေးအပ်ခဲ့ရာ အလုံမြို့နယ် အမှတ်(၁)တိုင်း ဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဒေါ်ယဉ်ယဉ်မြင့်နှင့် မြို့နယ် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ် ရေးနှင့်အရေးပေါ်တုံ့ပြန်ရေး ကော်မတီဝင် များက လက်ခံရယူပြီး ဂုဏ်ပြုမှတ်တမ်းလွှာများကို ပြန်လည် ပေးအပ်ခဲ့ကြောင် သိရ သည်။
တင်တင်ချို(အလုံ)