ပလောက် အောက်တိုဘာ ၆
တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်ခရိုင်၊ ပလောက်မြို့၊ ကျောက်လုံးကြီးကျေးရွာအုပ်စု၊ ကျောက်တောင်ကျေးရွာ၊ ဘုန်းတော်ကြီးကျောင်းတွင် ကိုဗစ်-၁၉ ရောဂါပိုးတွေ့ သံဃာ တော် အရှင်မြတ်များထားရှိသော Quarantine Center ၌ ရောဂါ ကုသနိုင်ရေးနှင့် အာဟာရ ပံ့ပိုးမှုအခြေအနေများကို ပုလောမြို့နယ် ကိုဗစ်-၁၉ ရောဂါကာကွယ်ထိန်းချုပ်ရေးနှင့် အရေး ပေါ်တုံ့ပြန်ရေး ကော်မတီဥက္ကဋ္ဌ နှင့် အဖွဲ့ဝင်များမှ ယမန်နေ့ နေ့လယ်(၂)နာရီခွဲခန့် က ကြည့်ရှု စစ်ဆေးခဲ့ကြောင်း သိရ သည်။
ထိုသို့ ကြည့်ရှုစစ်ဆေးရာတွင် ပုလောမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန မှ မြို့နယ် အုပ်ချုပ်ရေးမှူး ဦးစိုးလွင်၊ မြို့နယ်ဆရာဝန်ကြီး ဒေါက်တာပြုံးချိုနှင့် မြို့နယ်စည်ပင် သာယာရေး ကော်မတီဥက္ကဋ္ဌ ဦးတင်စိုး ၊ ပလောက်မြို့ မြို့ကိုဗစ်-၁၉ ကော်မတီအဖွဲ့ဝင်များ လိုက်ပါလျက် ကျောက်တောင်ကျေးရွာရှိ ဘုန်းတော် ကြီးကျောင်းတွင် ကိုဗစ်-၁၉ ရောဂါ ပိုးတွေ့သံဃာတော်အရှင်မြတ် များဆေး ကုသနိုင်ရေးနှင့်အာဟာရပံ့ပိုးမှု အခြေအနေများကို သွားရောက်ကြည့်ရှုစစ်ဆေးပြီး ကမ်းရိုးတန်းဒေသတိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်မှူးချုပ် စောသန်းလှိုင်နှင့် အဖွဲ့များက လှူဒါန်းထားသော ကိုဗစ်-၁၉ ပိုးတွေ့သံဃာတော်အရှင်မြတ်များ အသုံးပြု နိုင်ရန်အတွက် ဆန် (၂၁)အိတ်၊ ဆီ (၂၀) ပိသာ ၊ကြက်သွန်နီ (၅၀)ပိသာ ၊ကြက်သွန်ဖြူ (၃၀)ပိသာ ၊ပဲ (၃၀)ပိသာ ၊ ရွှေဖီဦး လက်ဖက်ရည်ထုပ် (၁၀)ပါကင် ၊ကြက်ဉ (၅၀၀)လုံး ၊ လက်အိတ် (၂၁) ထုပ် ၊ Mask ( ၂၁) ဗူး ၊ PPE ( ၂၁ ) စုံ ၊ Hand Gel (၂၀၀)ဗူး အား မြို့နယ် ကိုဗစ်-၁၉ ရောဂါကာကွယ်ထိန်းချုပ်ရေး နှင့်အရေးပေါ်တုံ့ပြန်ရေး ကော်မတီအဖွဲဝင်များ က လာ ရောက်ပေးအပ်ခဲ့ကြောင်းသိရသည်။
နှင်းမြူလွင် (ပြန်/ဆက်)