မရမ်းကုန်း အောက်တိုဘာ ၆
ရန်ကုန်အနောက်ပိုင်းခရိုင်၊ မရမ်းကုန်းမြို့နယ်၊ အမှတ် (၅) ရပ်ကွက်ရှိ ရွှေမြိုင်သီရိသီလရှင်စာသင်တိုက်ရှိ သီလရှင်များအားကျန်းမာရေး Swab စစ်ဆေးရန်လျှောက်ထားခြင်း၊ ဆွမ်းဆန်နှင့် ကျန်းမာရေးသုံး ပစ္စည်းများလှူဒါန်းခြင်းအား ယမန်နေ့မွန်လွဲ ၂ နာရီအချိန်ကသွား ရောက်ဆောင်ရွက်ခဲ့ကြသည်။
ထိုသို့ဆောင်ရွက်ရာတွင်မြို့နယ်အုပ်ချုပ်ရေးမှူးဦးထွန်းချစ်၊မြို့နယ်ကျန်းမာရေးမှူးဒေါက်တာအေးအေးမျိုးနှင့်တာဝန်ရှိသူများက ကျောင်းတိုက်သီလရှင်ဆရာကြီးအား ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၏ညွှန်ကြား ချက်များကို ရှင်းလင်းတင်ပြကာကျောင်းတိုက်အတွင်းရှိ သီလရှင်များအားကျန်းမာရေး Swab ယူစစ်ဆေးနိုင် ရေးလျှောက် ထားတင်ပြပြီးဆွမ်းဆန် (၅)အိတ်နှင့်ကျန်းမားရေးသုံးပစ္စည်းများ ဆပ်ကပ် လှူဒါန်းခဲ့ကြကြောင်း သိရသည်။
အေးအေးအောင် (ပြန်/ဆက်)