လုံယန်းကျေးရွာအုပ်စုမှ နောင်တောကျေးရွာအုပ်စုသို့ မြေသားလမ်းဆက်လက်ဖောက်လုပ်မည့် လမ်းမြေနေရာများအား ကွင်းဆင်း ကြည့်ရှုခြင်းများ ဆောင်ရွက်

မိုင်းနောင် အောက်တိုဘာ ၆

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လွိုင်လင်ခရိုင်၊ မိုင်းနောင်မြို့အတွင်းရှိ လုံယန်းကျေးရွာအုပ်စုမှ နောင်တောကျေးရွာ အုပ်စုသို့​ မြေသားလမ်း ဆက်လက်ဖောက်လုပ်မည့်လမ်းမြေနေရာများအား ကွင်းဆင်းကြည်ရှုခြင်းကို ယမန်နေ့ နံနက် (၁၁)နာရီအချိန်က ခရိုင် ဖွံ့ဖြိုးမှုကြီးကြပ်ရေးရုံး၊ ဝန်ထမ်းများနှင့် ဒေသခံများက သွားရောက် ကွင်းဆင်း ကြည့်ရှုခဲ့သည်။

နယ်စပ်ရေးရာဝန်ကြီးဌာန၊ နယ်စပ်ဒေသနှင့် တိုင်းရင်းသားလူမျိုးများ ဖွံဖြိုးတိုးတက်ရေး ဦးစီးဌာန၊ ရှမ်းပြည်နယ် အစိုးရရန်ပုံငွေဖြင့် ၂၀၂၀-၂၀၂၁ ဘဏ္ဍာရေးနှစ် အတွင်း ဆောင်ရွက်မည့် လျာထားလုပ်ငန်းဖြစ်ပြီး ကျေးလက်နေ ဒေသခံတိုင်းရင်းသားများ၏ လမ်းပန်းဆက်သွယ်ရေး၊ ကျန်းမာရေး၊ ပညာရေးနှင့် လူနေမှုဘဝများ ဖွံ့ဖြိုးတိုးတက်ရေး အတွက် ရည်ရွယ်၍ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရှိရသည်။

နောင်တောကျေးရွာ၊ မိုင်းဆောင်ကျေးရွာနှင့် မိုင်းလင်းကျေးရွာများသည် သွားလာရန် ခက်ခဲ သည့်အတွက် လုံယန်းကျေးရွာမှနောင်တောကျေးရွာအထိ မြေသားလမ်း ဆက်လက်ဖောက်လုပ်ပြီးစီးပါက ကျေးလက်နေတိုင်းရင်းသားများ၏ လူနေမှုဘဝ တိုးတက်လာမည် ဖြစ်ကြောင်း သိရှိရသည်။

မိုင်းနောင် ပြန်/ဆက်