ပလောက်မြို့၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး ဝန်ထမ်းများအား အခြေခံစားသောက်ကုန်များ ထောက်ပံ့ပေးအပ်

ပလောက် အောက်တိုဘာ  ၆

တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်ခရိုင်၊ ပလောက်မြို့ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ရုံးဝန်ထမ်းများအား အခြေခံစားသောက်ကုန်များ ထောက်ပံ့ပေးအပ်ပွဲကို ယမန်နေ့ ညနေ (၄)နာရီ ခွဲခန့်က ရွှေသီလာရတနာ အစည်းအဝေးခန်းမ၌ပေးအပ်ခဲ့သည်။

ပေးအပ်ပွဲတွင် ပလောက်မြို့ မြို့အုပ်ချုပ်ရေးမှူး ဦးမျိုးဝေက လက်ရှိဖြစ်ပေါ်နေသော ကိုဗစ်-၁၉ ရောဂါဖြစ်ပွားနေစဉ်ကာလအတွင်း ဝန်ထမ်းများ စားဝတ်နေရေး အခက်အခဲမဖြစ်ပေါ်စေရန် အခြေခံစားသောက်ကုန်များ ထောက်ပံ့ပေးအပ်ရခြင်းဖြစ်ကြောင်းနှင့်ကိုဗစ်-၁၉ ရောဂါ ကာ ကွယ် ရေး ညွှန်ကြားချက်များကို တိကျစွာလိုက်နာကြရန် ပြောကြားပြီး ဝန်ထမ်းတစ်ဦး လျှင် ဆန်(၁၂)ပြည်၊ပဲဆီသန့်(၁)ဗူး၊ကြက်ဉ(၁၀)လုံးနှုန်းဖြင့် ဝန်ထမ်း(၁၂)ဦးအား ထောက်ပံ့ ပေးအပ်ခဲ့ကြောင်း သိရသည်။

နှင်းမြူလွင်  (ပြန်/ဆက်)