လှိုင်သာယာ(အရှေ့ပိုင်း)မြို့နယ်၌ ကိုဗစ်−၁၉ ရောဂါကာကွယ်ရေးအတွက် အိမ်ထောင်စု များကို ဆန်၊ ဆီ၊ ပဲ၊ ကြက်ဥနှင့် ခေါက်ဆွဲခြောက်တို့ အလှူရှင်များကိုယ်စား သွားရောက် လှူဒါန်း

လှိုင်သာယာ(အရှေ့ပိုင်း) အောက်တိုဘာ ၆

ရန်ကုန်တိုင်းဒေသကြီး၊ ရန်ကုန်မြောက်ပိုင်းခရိုင်၊ လှိုင်သာယာ(အရှေ့ပိုင်း) မြို့နယ်၌ ကိုဗစ်−၁၉ ရောဂါကာကွယ်ရေးအတွက် Lock down ချထားသော အိမ်ထောင်စုများ စားဝတ်နေရေး အဆင်ပြေ စေရန် ဆန်၊ ဆီ၊ ပဲ၊ ကြက်ဥနှင့် ခေါက်ဆွဲခြောက် တို့ကို ကိုဗစ်−၁၉ ကော်မတီ အဖွဲ့ဝင်များ ရပ်/ကျေး အဖွဲ့ဝင်များ၊ ရပ်ကွက်/ကျေးရွာအုပ်ချုပ်ရေးအဖွဲ့ဝင်များနှင့် လှိုင်သာယာ (အရှေ့ပိုင်း) မြို့နယ် အမှတ်(၁) တိုင်းဒေသကြီး လွှတ်တော် ကိုယ်စားလှယ်တို့ ပူးပေါင်း၍ ယနေ့ နံနက်ပိုင်းက  ကစင်ကျေးရွာ အုပ်စုနှင့် အမှတ်(၅) ရပ်ကွက်ရှိ အိမ်ထောင်စုဝင်များသို့ စားသောက်ကုန်များကို လှိုင်သာယာမြို့နယ် အလှူရှင် များကိုယ်စား  သွားရောက်လှူဒါန်း ခဲ့သည်။

အဆိုပါ စားသောက်ကုန်များ သွားရောက် လှူဒါန်းရာတွင် ကစင်ကျေးရွာအုပ်စုနှင့် အမှတ်(၅) ရပ်ကွက်ရှိ အိမ်ထောင်စုဝင်များအား  ဆန်၊ ဆီ၊ ပဲ၊ ကြက်ဥနှင့် ခေါက်ဆွဲခြောက် တို့ကို   ကိုဗစ်−၁၉ ရော ဂါကာကွယ်ရေးအတွက် အသွားအလာကန့်သတ်ထားသော ပြည်သူများကို အလှူရှင်များ ကိုယ်စား သွားရောက်လှူဒါန်းခဲ့ပြီး အမှတ်(၁)တိုင်းဒေသကြီး လွှတ်တော် ကိုယ်စားလှယ် ဦးဝင်းမောင်မှ အားပေး စကားများ ပြောကြားခဲ့ကြောင်းနှင့် လှိုင်သာယာ (အရှေ့ပိုင်း)မြို့နယ် ကိုဗစ်−၁၉ ရောဂါကာကွယ်ရေး အတွက် အိမ်ထောင်စုများကို ဆန်၊ ဆီ၊ ပဲ၊ ကြက်ဥနှင့် ခေါက်ဆွဲခြောက်တို့ အလှူရှင်များကိုယ်စား သွား ရောက် လှူဒါန်းကြောင်း သိရှိရသည်။

ထွန်းထွန်းနိုင်(ပြန်/ဆက်)