Physical Fitness Dance အကပြိုင်ပွဲဝင်ရောက်ယှဉ်ပြိုင်မည့် ကျောင်းသူများ အစမ်းလေ့ကျင့်မှုများ ပြုလုပ်

မိုင်းနောင်  အောက်တိုဘာ  ၆

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လွိုင်လင်ခရိုင်၊ မိုင်းနောင်မြို့ ပြန်/ဆက်ဦးစီးဌာနနှင့် ပညာရေးဌာနတို့ ပူးပေါင်း၍ ၂၀၂၀ ပြည့်နှစ် အောက်တိုဘာ ၁၀ ရက်နေ့မှ ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ ၁၅ ရက်နေ့ အထိ ကျင်းပပြုလုပ်မည့် Physical Fitness Dance ခေါင်းစဉ်ဖြင့်  လှုပ်လှုပ်ရှားရှား လူထုအားကစား Facebook page မှ  Challenge ပြိုင်ပွဲကို ဝင်ရောက်ယှဉ်ပြိုင်မည့် ကျောင်းသူများအား အစမ်းလေ့ကျင့်မှုများ ပြုလုပ်ဆောင်ရွက်ပေးလျက်ရှိသည်။

ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၊ အားကစားနှင့်ကာယပညာဦးစီးဌာနမှ ကိုဗစ်-၁၉ ရောဂါ ဖြစ်ပွားနေစဉ်ကာလအတွင်း ပြည်သူများ စိတ်ကြည်လင်ပေါ့ပါးသွက်လက်စေရန်နှင့် ဉာဏ်ရည်ဖွံဖြိုးတိုးတက်စေရန် ၊Stay Home နေရသူများအားလုံး ကျန်းမာကြံ့ခိုင်မှုရှိစေရေး၊ ခန္ဓာကိုယ်ခုခံအားစနစ်ကောင်းမွန်စေရေး၊ ရောဂါကာကွယ်ထိန်းချုပ်နိုင်ရေး တို့ကို ရည်ရွယ်၍ ပြုလုပ်ပေးခြင်းဖြစ်ကြောင်း သိရှိရသည်။

အဆိုပါပြိုင်ပွဲတွင် သတ်မှတ် ကကွက်နှင့်စိတ်ကြိုက်  ကကွက်နှစ်မျိုးကို ပေါင်းစပ်က ပြယှဉ်ပြိုင်ရမည်ဖြစ်ပြီး တိုင်း/ပြည်နယ်အဆင့်၊ ခရိုင်အဆင့်၊ မြို့နယ်အဆင့်များအလိုက် ဆုများချီးမြှင့်ပေးသွားမည်ဖြစ်ကြောင်း သိရှိရသည်။

မိုင်းနောင်ပြန်/ဆက်