မိုင်းတုံမြို့၌ Facility Quarantine ထားရှိသူ(၁၂)ဦး၏ Swab နမူနာများ ဓာတ်ခွဲခန်းသို့ပို့ဆောင်စစ်ဆေး

မိုင်းတုံ   အောက်တိုဘာ  

ရှမ်းပြည်နယ်(အရှေ့ပိုင်း) မိုင်းဆတ်ခရိုင်၊ မိုင်းတုံမြို့၌  Facility Quarantine ထားရှိသူ(၁၂)ဦး၏ Swab နမူနာများအား ဓာတ်ခွဲခန်းသို့ပို့ဆောင်စစ်ဆေးရန် ယနေ့ နံနက် နာရီက ကျိုင်းတုံမြို့သို့ သွားရောက် ပို့ဆောင်လျက်ရှိကြောင်းသိရသည်။

မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ဓာတ်ခွဲမှူး ဦးကရိန်မွန်အောင်နှင့် ကျန်းမာရေးဝန်ထမ်းများ က  အထက(မိုင်းတုံ) အထက(နားကောင်းမူး) အထက(ပုံပါကျင်)နှင့် အမက(မဲကင်)တို့တွင်  Facility Quarantine ထားရှိ သူ(၁၂)ဦး၏ Swab နမူနာများအား ယမန်နေ့ညနေပိုင်းက ရယူခဲ့ပြီး  ကျိုင်းတုံမြို့မှ တစ်ဆင့် တောင်ကြီးမြို့သို့ ပို့ဆောင်စစ်ဆေးသွားမည်ဖြစ်သည်။

အဆိုပါ Facility Quarantine ထားရှိသူ(၁၂)ဦး၏ လက်ရှိကျန်းမာရေးအခြေအနေမှာ ကောင်းမွန်လျက်ရှိကြောင်း မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ သိရသည်။

ဝင်းဝင်းခိုင်(မိုင်းတုံ)