ရန်ကုန် အောက်တိုဘာ ၆
ရန်ကုန်တိုင်းဒေသကြီး ဒလမြို့နယ်၌ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေးလုပ်ငန်းများကို အရှိန်အဟုန် မြှင့်ဆောင်ရွက်ပေးလျက်ရှိရာ အသွားအလာကန့်သတ်စောင့်ကြည့်ရေးစင်တာများရှိ စောင့်ကြည့်လူနာများအတွက် ကျန်းမာရေး၊ နေထိုင်စားသောက်ရေး နှင့် အခြားသော ကိစ္စရပ်များ ဆောင်ရွက်နိုင်စေရန် ရည်ရွယ်၍ ယမန်နေ့က မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန မြို့နယ်အုပ်ချုပ်ရေးမှူးရုံးခန်းရှေ့၌ အလှူငွေများလာရောက်လှူဒါန်းခဲ့ ကြောင်းသိရသည်။
ထိုသို့လှူဒါန်းရာတွင် ဒလမြို့နယ်လုံးဆိုင်ရာ ခရစ်ယာန်ဘာသာဝင် စိန်မိုက်ကယ်ဘုရားကျောင်း သာသနာပြု အဖွဲ့မှ အလှူငွေကျပ်(၂၀)သိန်း၊ မြို့နယ်တမီလ်ဟိန္ဒူ ဓနိတောသုဿန် အုပ်ချုပ်ရေးအဖွဲ့နှင့် တမီလ် ဟိန္ဒူနာရေး ကူညီမှုအသင်း မှ အလှူငွေကျပ်(၂၀)သိန်း၊ စုစုပေါင်း ငွေကျပ်သိန်း ၄၀ တို့ကို မြို့နယ် ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး ကော်မတီသို့ ပေးအပ်လှူဒါန်းခဲ့ရာ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးယဉ်ထွေးနှင့် တာဝန်ရှိသူများက လက်ခံရယူခဲ့ပြီး ကျေးဇူးတင်စကားများပြန်လည်ပြောကြားခဲ့ကြောင်းသိရသည်။
နိုင်လင်းကျော်(ဒလ)