ဟိုပုံးမြို့အတွင်းရှိ ရေသန့်စက်ရုံများတွင် ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၏ ညွှန်ကြားချက်နှင့်အညီ လိုက်နာဆောင်ရွက်ခြင်း ရှိ/ မရှိ ကွင်းဆင်းစစ်ဆေး

ဟိုပုံး   အောက်တိုဘာ

ရှမ်းပြည်နယ်(တောင်ပိုင်း) ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဟိုပုံးမြို့အတွင်း ဖွင့်လှစ်ထားရှိသည့် ရေသန့်စက်ရုံများတွင် ကိုဗစ်-၁၉ရောဂါ ကာကွယ်ထိန်းချုပ်ရေးအတွက် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၏ ညွှန်ကြားချက်များနှင့် လိုက်နာဆောင်ရွက်ခြင်း ရှိ/ မရှိ ကွင်းဆင်း စစ်ဆေးခြင်းကို ယနေ့ နံနက် ၁၁ နာရီ အချိန်တွင် တာဝန်ရှိသူများက ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။

ထိုသို့ကွင်းဆင်းစစ်ဆေးရာတွင် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန မြို့နယ်ဒုတိယ ဦးစီးမှူး ဦးအောင်နေဇော်၊ မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ဝန်ထမ်းများ၊  မြို့နယ်စည်ပင် သာယာရေးဌာနမှ ဝန်ထမ်းနှင့် မြို့နယ်ရဲတပ်ဖွဲ့တို့က မြန်မာနိုင်ငံတွင် စက်ရုံ၊ အလုပ်ရုံများနှင့် အလုပ်ဌာနအချို့တွင် ကိုဗစ်-၁၉ဓာတ်ခွဲအတည်ပြုလူနာများ တစ်နေ့ထက်တစ်နေ့ ပိုမိုများပြားနေသည်ကို တွေ့ရှိနေရပြီး အလုပ်သမားများအတွင်း ရောဂါကူးစက်နိုင်ခြင်း၊ အလုပ်သမားများမှတစ်ဆင့် ပြည်သူလူထုသို့ ရောဂါကူးစက်ပြန့်ပွားခြင်းတို့ကြောင့် လုပ်သားများ လုပ်ငန်းခွင်အတွင်း အန္တရာယ်ကင်းရှင်းစွာ ဆက်လက်အလုပ် လုပ်ကိုင်နိုင်ရန် ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနမှ ထုတ်ပြန်ထားသည့် ညွှန်ကြားချက်များနှင့်အညီ လိုက်နာဆောင်ရွက်ခြင်း ရှိ/ မရှိ ဟိုပုံးမြို့အတွင်းရှိ ရေသန့်စက်ရုံ ()ရုံတို့ကို သွားရောက်၍ ကွင်းဆင်းစစ်ဆေးကြောင်း သိရသည်။

နေမင်းထွန်း(ဟိုပုံး)