ချင်းရွှေဟော်မြို့၌မဲဆန္ဒရှင်စာရင်းများဒုတိယအကြိမ်ထုတ်ပြန်ကြေညာ

ချင်းရွှေဟော်   အောက်တိုဘာ  

ရှမ်းပြည်နယ်မြောက်ပိုင်း၊  ကိုးကန့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊  လောက်ကိုင်မြို့နယ်၊  ချင်းရွှေဟော်မြို့၌ ၂၀၂၀ပြည့်နှစ်၊ နိုဝင်ဘာလ()ရက်နေ့တွင် ကျင်းပမည့် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲအတွက် မဲဆန္ဒရှင်စာရင်းများကို ဒုတိယ အကြိမ်အဖြစ်  ချင်းရွှေဟော်မြို့၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးများတွင် အောက်တိုဘာလ()ရက်နေ့မှ (၁၄)ရက်နေ့အထိ ထုတ်ပြန် ကြေညာထားကြောင်း သိရသည်။

မဲဆန္ဒရှင်စာရင်းများ ထုတ်ပြန်ကြေညာသည့်နေ့မှစတင်၍ မဲဆန္ဒရှင်ပြည်သူများက မဲစာရင်းတွင် မိမိတို့၏ အမည်စာရင်း ပါဝင်မှု ရှိ/မရှိ၊ အချက်အလက်များ မှားယွင်းမှု ရှိ/မရှိ လာရောက်ကြည့်ရှု့ကြပြီး မှားယွင်းနေပါက သက်ဆိုင်ရာ ရပ်ကွက် အုပ်ချုပ်ရေးမှူးရုံးများတွင်  နံနက်()နာရီမှ ညနေ()နာရီအချိန်အတွင်း  သတ်မှတ်ပုံစံများဖြင့် အောက်တိုဘာလ(၁၄)ရက်နေ့ အထိ လာရောက်လျှောက်ထားနိုင်ကြောင်း သိရသည်။

ချင်းရွှေဟော်မြို့ တွင် မဲဆန္ဒရှင်စာရင်းများ ဒုတိယအကြိမ် ထုတ်ပြန်ကြေညာချက်များအရ အောက်တိုဘာလ()ရက်နေ့ အထိ ဆန္ဒမဲပေးပိုင်ခွင့်ရှိသူ ရပ်ကွက်- တွင်(၄၄၁)ဦး၊ ရပ်ကွက်- တွင်(၈၅၃)ဦး၊ ရပ်ကွက်-၃တွင်(၆၇၁)ဦး တို့ရှိပြီး စုစုပေါင်း ဆန္ဒ မဲပေးပိုင်ခွင့်ရှိသူ(၁၉၆၅)ဦးရှိကြောင်း နှင့် ချင်းရွှေဟော်မြို့တွင် လျာထားသည့်မဲရုံပေါင်း()ရုံ ရှိကြောင်း သိရှိရသည်။

ဇင်ဇင်(ပြန်/ဆက်)