လှိုင်မြို့နယ်ကိုဗစ်-၁၉ထိန်းချုပ်ရေး နှင့်အရေးပေါ်တုံ့ပြန်ရေးကော်မတီသို့ PPE  ဝတ်စုံနှင့် Maskများလှူဒါန်း

လှိုင်   ​အောက်တိုဘာ    ၆  

ရန်ကုန်အ​နောက်ပိုင်းခရိုင်၊ လှိုင်မြို့ နယ်ကိုဗစ်-၁၉ထိန်းချုပ်ရေးနှင့်အရေးပေါ်တုံ့ပြန်ရေးကော်မတီသို့ ယ​နေ့နံနက်က PPEဝတ်စုံ၊ Maskနှင့် လက်သန့်​ဆေးများအား လာ​ရောက်​လှူဒါန်းခဲ့ကြပါသည်။ လှိုင်မြို့နယ်၊ အမှတ်၁၆ရပ်ကွက်၊ ပါရမီကွန်ဒိုတွင် တည်ရှိသောမေတ္တာဖွံ့ဖြိုးရေးဖောင်ဒေးရှင်းမှ ကိုဗစ်-၁၉ရောဂါကာ ကွယ် ထိန်းချုပ်ရေးနှင့်အရေးပေါ် တုံ့ပြန်ရေးကော်မတီသို့ကာကွယ် ထိန်းချုပ်​ရေးလုပ်ငန်းများအချိန်နှင့် တပြေးညီ ဆောင်ရွက်ရာတွင်အ သုံးပြုနိုင်ရန်အတွက်ငွေကျပ် (၃၄၅၀၀၀၀ိ/-)တန်ဖိုးရှိPPEဝတ်စုံ ပြည့် (၁၀ဝ) စုံ၊N-95 Mask (3M-1860) (၁၀၀)ခု၊Hand Sanitizer (500ml) (၁၀၀)ဗူးတို့အားလှိုင်မြို့ နယ်အ​ထွေ​ထွေအုပ်ချုပ်​ရေးဦးစီး ဌာနရုံးသို့လာ​ရောက်လှူဒါန်းခဲ့ရာမြို့ နယ်ကိုဗစ်-၁၉​ကော်မတီဥက္ကဌ ဦး​ကျော်သက်ဝင်းက လက်ခံရယူခဲ့ ကြောင်းသတင်းရရှိပါသည်။

ကြည်​ဇေ​သော်(ပြန်/ဆက်)