ကဝမြို့နယ်တွင် မဲဆန္ဒရှင်စာရင်း ကြေငြာထားရှိမှုများအား ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ ခွဲ ဥက္ကဌ နှင့် တာဝန်ရှိသူများ ကြည့်ရှု စစ်ဆေး

ကဝ အောက်တိုဘာ


 ပဲခူးတိုင်းဒေသကြီး ပဲခူးခရိုင် ကဝမြို့နယ်အတွင်းရှိ ရပ်ကွက် ကျေးရွာ ရွေးကောက်ပွဲ ကော်မရှင် အဖွဲ့ ခွဲရုံး၌ ၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ တွင် ပြည်သူများ ဆန္ဒမဲပေးနိုင်ရန်အတွက် ဒုတိယအကြိမ် မဲဆန္ဒရှင်စာရင်း ကပ်ထားကြေငြာထားရှိမှုများ ကို ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲ ဥက္ကဌ နှင့် တာဝန်ရှိသူများက ယနေ့တွင်ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့ကြောင်းသိရသည်။
ထိုသို့စစ်ဆေးရာတွင် ရွေးကောက်ပွဲကော်မရှင် အဖွဲ့ ခွဲ ဥက္ကဌ ဦးသောင်းကြည် နှင့် တာဝန်ရှိသူများ က ကဝမြို့နယ်အတွင်းရှိ ရပ်ကွက် ကျေးရွာ ရွေးကောက်ပွဲကော်မရှင် အဖွဲ့ ခွဲရုံးများတွင် ကြေငြာထားသည့် မဲဆန္ဒရှင်စာရင်းများအား ကြည့်ရှုစစ်ဆေးပြီးရပ်ကွက်၊ ကျေးရွာရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲမှ တာဝန်ရှိသူများ အနေဖြင့်မဲစာရင်းတွင်အမည်မပါဝင်မှုများ၊ကိုယ်ရေးအချက်အလက်မှားယွင်းနေမှုများနှင့်မပါဝင်သင့်သူများ ပါဝင်နေမှု များအား သက်မှတ်ထားသည့်စည်းမျဉ်း စည်းကမ်းများနှင့်အညီ အချိန်မီ ပြီးစီးအောင် ဆောင်ရွက် သွားကြရန်နှင့် ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနက ထုတ်ပြန်ထားသည့်ကိုဗစ်-၁၉ရောဂါနှင့်ပက်သက်သည့် ညွှန်ကြားချက် များနှင့်အညီဆောင်ရွက်သွားကြရန်မှာကြားသည်။
ကဝမြို့နယ်တွင် ရပ်ကွက် (၁၂)ရပ်ကွက် ကျေးရွာအုပ်စု (၉၁) အုပ်စု ၊မဲရုံပေါင်း (၁၆၉)ရုံ ရှိပြီး မဲဆန္ဒရှင်(၁၅၆၈၁၃)ဦးရှိကြောင်းသိရသည်။

ချစ်နှင်းသုန်(ပြန်/ဆက်)