ဖရူဆိုမြို့၌ ကိုဗစ်-၁၉ ရောဂါ ကူးစက်ပြန့်ပွားမှု မဖြစ်ပေါ်စေရေးအတွက် ပြည်သူများ နှာခေါင်းစည်း  (Mask) တပ်ဆင်ခြင်းရှိ/မရှိ စစ်ဆေး

ဖရူဆို               အောက်တိုဘာ ၆

ကယားပြည်နယ် လွိုင်ကော်ခရိုင်၊ ဖရူဆိုမြို့နယ် မြို့နယ်  Coronavirus Disease 2019 ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်ရေး နှင့် အရေးပေါ်တုံ့ပြန်‌ရေးကော်မတီဝင် ဌာနဆိုင်ရာများနှင့် ရပ်ကွက် အုပ်ချုပ်ရေးမှူးတို့ ပူးပေါင်း၍ အသက်ရှူလမ်းကြောင်းဆိုင်ရာ ကိုဗစ်-၁၉ ရောဂါ ကူးစက်ပြန့်ပွားမှု မဖြစ်ပေါ်စေရေးအတွက် ကာကွယ်ထိန်းချုပ်ရေးလုပ်ငန်း အရှိန်အဟုန်မြှင့်ဆောင်ရွက်လျက်ရှိရာ ယနေ့နံနက် ၉ နာရီအချိန်က မြို့ဝင်လမ်းဆုံ၌ ဖြတ်သန်းသွားလာနေသော ပြည်သူများ နှာခေါင်းစည်း  (Mask) တပ်ဆင်ခြင်းရှိ/မရှိ စစ်ဆေးခဲ့ကြောင်း သိရသည်။

ထိုသို့ ဆောင်ရွက်ရာတွင် မြို့နယ်  Coronavirus Disease 2019 ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်‌ရေးကော်မတီဝင် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြို့နယ် အဆင့်ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ မြို့နယ်ရဲတပ်ဖွဲ့၊ မြို့နယ်မီးသတ်တပ်ဖွဲ့နှင့် ရပ်ကွက် အုပ်ချုပ်ရေးမှူး တို့က ကူးစက်မှုနှုန်းများပြားလာသည့် ကိုဗစ်-၁၉ ရောဂါကို ကြိုတင်ကာကွယ် နိုင်ရန်အတွက် နေအိမ်ပြင်ပသို့ ထွက်ခွာသွားလာနေသော ပြည်သူများအား  နှာခေါင်းစည်း  (Mask) တပ်ဆင်ပြီး သွားလာခြင်းရှိ/မရှိ စစ်ဆေးခြင်း၊ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနက ထုတ်ပြန် ထားသော ကိုဗစ်-၁၉ လမ်းညွှန်ချက်များ၊ စည်းကမ်းချက်များနှင့်အညီ  ပြည်သူများလိုက်နာ နေထိုင်သွား လာမှု ရှိစေရေးအတွက် ကျန်းမာရေး အသိ၊ ကျန်းမာရေးသတိရှိစေရေး အသိပညာပေးပြီး နှာခေါင်းစည်း  (Mask) တပ်ဆင်ခြင်းမရှိသူများ အား အရေးယူဆောင်ရွက်သည့် အနေဖြင့် (Mask) တစ်ခုကို ငွေကျပ် (၁၀၀၀)နှုန်းဖြင့် ချက်ချင်းဝယ်ယူ တပ်ဆင်စေခဲ့ကြောင်း သိရသည်။

 

တောရယ်(ပြန်/ဆက်)