ရန်ကုန် အောက်တိုဘာ ၆
ရန်ကုန်အရှေ့ပိုင်းခရိုင်၊ မင်္ဂလာတောင်ညွန့်မြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါဖြစ်ပွားနေစဥ်ကာလ အတွင်း ဝင်ငွေနည်းမိသားစုဝင်များ အဆင်ပြေမှုရရှိစေရန်ရည်ရွယ်၍ အခြေခံစားသောက် ကုန်များ လှူဒါန်းခြင်းကို ဒုတိ ယ အကြိမ် အဖြစ် သိမ်ဖြူမီးရထားရပ်ကွက်ရှိ နေအိမ်များတွင် ယမန်နေ့နံနက်ပိုင်းအချိန်မှစတင်ကာ လိုက်လံ လှူဒါန်းပေးခဲ့ကြောင်းသိရသည်။
ထိုသို့လှူဒါန်းရာတွင် အခြေခံစားသောက်ကုန်များဖြစ်သည့် ဆန်၊ ဆီ၊ ဆား၊ ငါးသေတ္တာ အစရှိသည်တို့ကို သိမ်ဖြူရထားရပ်ကွက်အတွင်းရှိ ဝင်ငွေနည်းမိသားစု (၁၀၀)စု ထံသို့ အိမ်တိုင်ရာရောက်လှူဒါန်းပေးခဲ့ကြသည်။ ကိုဗစ်-၁၉ ရောဂါဖြစ်ပွားနေချိန်ဖြစ်သည့်အတွက် လူစုလူဝေးမဖြစ်စေရေးအတွက် အဖွဲ့ဝင်များကိုယ်တိုင် အိမ်တိုင်ရာရောက် လှူဒါန်းပေးခြင်း ဖြစ်ပြီး ဆက်လက်၍လည်း လှူဒါန်းမှုများကို ဆောင်ရွက်ပေးသွားမည် ဖြစ်ကြောင်း We Love Yangon (Mingalar Taung Nyunt) ပရဟိတအဖွဲ့၏ တာဝန်ရှိသူများထံမှ သိရသည်။
ချစ်စုဝေ (ပြန်/ ဆက်)