မြစ်သားမြို့နယ်တွင် လမ်းသွားလမ်းလာပြည်သူများအား Mask ခုရေ(၁၀၀၀)အား အခမဲ့ဖြန့်ဝေ

မြစ်သား         အောက်တိုဘာ  ၆

မန္တလေးတိုင်းဒေသကြီး၊ မြစ်သားမြို့နယ်တွင် ကိုဗစ်−၁၉ ရောဂါကြိုတင်ကာကွယ်ရေးလုပ်ငန်းများကို အရှိန်အဟုန်မြှင့်ဆောင်ရွက်လျက်ရှိပြီး ယနေ့နံနက်(၈)နာရီအချိန်က မြို့နယ် အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနဝန်ထမ်းများက လမ်းသွားလမ်းလာပြည်သူများအား Mask ခုရေ (၁၀၀၀)အား အခမဲ့ဖြန့်ဝေပေးခဲ့ကြောင်းသိရသည်။

ထိုသို့ဆောင်ရွက်ရာတွင် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဝန်ထမ်းများက ကိုဗစ်-၁၉ ကြိုတင် ကာကွယ်နိုင်ရေးအတွက် အပြင်ထွက်တိုင်း Mask တပ်ကြပါ၊ Sအပေ အေ Hသာန အိမ်မှာပဲ နေကြပါ၊ မလိုအပ်ပဲအပြင်မထွက်ကြပါနဲ့၊ အိမ်အပြင် ထွက်တိုင်း ပါးစပ်၊ နှာခေါင်းစည်း Mask များကို စနစ်တကျတပ်ဆင်ကြပါစသည့် အသိပညာပေး ဗွီနိုင်းပိုစတာများကိုင်ဆောင်၍ အသိပညာ ပေးခြင်း၊ လမ်းသွားလမ်းလာများအား ပါးစပ်၊ နှာခေါင်းစည်း Mask များအခမဲ့ဖြန့်ဝေပေးခြင်း နှင့် လက်သန့်ဆေးရည်ဖြင့် လက်ဆေးစေခြင်းများကို အသိပညာပေးဆောင်ရွက်ခဲ့ကြောင်းသိရသည်။

အဆိုပါ Mask အခမဲ့ဖြန့်ဝေရာသို့ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန မြို့နယ် အုပ်ချုပ်ရေးမှူး ဦးအောင်မိုးဦးဆောင်၍ ဝန်ထမ်း(၂၀)ဦးဖြင့် မြစ်သားမြို့ဗိုလ်ချုပ်လမ်း ရွှေမုဌော ဘုရားရှေ့ တွင် ဆောင်ရွက်ခဲ့ခြင်းဖြစ်ကြောင်းသိရှိရသည်။

ဆုမွန်(ပြန်/ဆက်)