ငါန်းဇွန်မြို့နယ် မန္တလေး-မြို့သာစက်မှုဥယျာဉ်မြို့တော်တည်ဆောက်ရေးစီမံကိန်းအတွင်းရှိ စက်ရုံ အလုပ်ရုံများအား ကိုဗစ်-၁၉ ကာကွယ်ထိန်းချုပ်ရေး ကွင်းဆင်းကြည့်ရှုစစ်ဆေး

ငါန်းဇွန်၊ အောက်တိုဘာ ၆

မန္တလေးတိုင်းဒေသကြီး ငါန်းဇွန်မြို့နယ် မန္တလေး-မြို့သာစက်မှုဥယျာဉ်မြို့တော်တည်ဆောက်ရေးစီမံကိန်း အတွင်း၌ မြို့နယ်အဆင့် ကိုဗစ်-၁၉ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုန့်ပြန်ရေးကော်မတီမှ ကိုဗစ်-၁၉ ကာကွယ် ထိန်းချုပ်ရေးအတွက် ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနမှ ထုန်ပြန်ထားသော ညွှန်ကြားချက် များနှင့်အညီ စက်ရုံအလုပ်ရုံများလိုက်နာ ဆောင်ရွက်ရေးအတွက် ယမန်နေ့ နံနက် ၉နာရီအချိန်က ကွင်းဆင်းကြည့်ရှု စစ်ဆေးခဲ့ကြောင်း သိရသည်။

ရှေးဦးစွာ မြို့နယ်အဆင့် ကိုဗစ်-၁၉ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုန့်ပြန်ရေး ကော်မတီဥက္ကဋ္ဌ ဦးဇော်ဝင်း (မြို့နယ်အုပ်ချုပ်ရေးမှူး)နှင့် ကော်မတီဝင်များသည် မန္တလေး-မြို့သာစက်မှုဥယျာဉ်မြို့တော် တည်ဆောက်ရေး စီမံကိန်းအတွင်းရှိ အောင်တော်မူ ဓမ္မာရုံအတွင်း၌ စက်ရုံအလုပ်ရုံများမှ တာဝန်ရှိသူများနှင့် တွေ့ဆုံ၍ မန္တလေးတိုင်းဒေသကြီးအစိုးရ၏ ညွှန်ကြားချက်များကို စက်ရုံ အလုပ်ရုံများအနေဖြင့် လိုက်နာ ဆောင်ရွက်ရန် တတိယအကြိမ်အဖြစ် ချပြရှင်းလင်းဆွေးနွေးခြင်း ဆောင်ရွက်ကြကြောင်း သိရသည်။

ထို့နောက် မြို့နယ်အဆင့် ကိုဗစ်-၁၉ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုန့်ပြန်ရေး ကော်မတီ(မြို့နယ်ကွင်းဆင်းစစ်ဆေးရေးအဖွဲ့)က Long Year Shoes ဖိနပ်စက်ရုံ၊ Mandalay Furui ပီကေနှင့် ချိုချဉ်စက်ရုံ၊ Myanmar Ding Wang စနိုးကွတ်ကီးစက်ရုံ၊ Deheus Feed Mill Factory တိရိစ္ဆာန် အစာစပ်စက်ရုံ၊ JAPFA Comfeed Myanmar(Comfeed Mill) တိရိစ္ဆာန် အစာစပ်စက်ရုံနှင့် GOLD AYA Motors International Group မော်တော်ကားတပ်ဆင်ထုတ်လုပ်ရေးစက်ရုံတို့တွင် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနမှ ထုတ်ပြန်ထားသည့် ကျန်းမာရေးလမ်းညွှန်ချက်များကို လိုက်နာမှု ရှိ/မရှိ ကွင်းဆင်းစစ်ဆေးပြီး လိုအပ်သည်များ ဆောင်ရွက်ရန် တာဝန်ရှိ သူများအား မှာကြားဆောင်ရွက်စေခဲ့ကြောင်း သိရသည်။                                     

သက်နောင်ဦး