မတ္တရာ အောက်တိုဘာ ၆
မန္တလေးတိုင်းဒေသကြီး ပြင်ဦးလွင်ခရိုင် မတ္တရာမြို့နယ်တွင် ကိုဗစ်၁၉ ရောဂါကြို တင်ကာကွယ်တာဆီးနိုင်ရေး၊ ပြည်သူများ နှာခေါင်းစည်း တပ်ဆင်အသုံးပြုကြရေး အတွက် မြို့နယ်ကြက်ခြေနီတပ်ဖွဲ့မှ ဦးဆောင်၍ Mask Campagin ပြုလုပ်ခြင်းကို ယနေ့နံနက် ၈နာရီက မြို့အဝင်လမ်းဆုံနှင့် မြို့မစျေးအနီးတို့တွင် ဆောင်ရွက်ခဲ့သည်။
ထို့သို့ Mask Campagin ပြုလုပ်ရာတွင် မြို့နယ်ကြက်ခြေနီတပ်ဖွဲ့ မြို့နယ်တပ်ဖွဲ့မှူး ဒေါ်ချိုဇင်မြင့် ဦးဆောင်သော ကြက်ခြေနီတပ်ဖွဲ့ဝင်များ၊ မြို့နယ်ကြက်ခြေနီ တပ်ဖွဲ့ကြီးကြပ်ရေးအဖွဲ့ဝင်များ၊ မြို့နယ်မီးသတ်တပ်ဖွဲ့မှ ဒုတိယမီးသတ်ဦးစီးမှူးနှင့် တပ်ဖွဲ့ဝင်များ၊ မြန်မာနိုင်ငံလူမှုကယ်ဆယ်ရေးအဖွဲ့(မတ္တရာ)မှ အဖွဲ့ဝင်များပူးပေါင်း၍ စျေးရောင်းချသူများနှင့် စျေးဝယ်သူများ၊ လှုပ်ရှားသွားလာနေကြသော ပြည်သူများအား နေအိမ်ပြင်ပသို့ ထွက်တိုင်း နှာခေါင်းစည်းများ စနစ်တကျ အသုံးပြုရေးတို့ကို ပညာပေး ပြောကြားခြင်း၊ နှာခေါင်းစည်း (၂၀၀၀)ခုအား ဖြန့်ဝေခြင်း၊ မြန်မာနိုင်ငံလူမှု ကယ်ဆယ် ရေးအဖွဲ့(မတ္တရာ)မှ အသံချဲ့စက်ဖြင့် ကိုဗစ်၁၉နှင့် ပတ်သက်၍ လိုက်နာရမည့် စည်းကမ်း ချက်များ၊ နှာခေါင်းစည်းတပ်ဆင်အသုံးပြုရေး နှိုးဆော်သည့် သီချင်းဖွင့်လှစ်၍ အသိပေး ခြင်းနှင့် ပညာပေးလက်ကမ်းစာစောင်များဖြန့်ဝေခြင်းတို့ ဆောင်ရွက်ခဲ့ကြောင်းသိရ သည်။
မြို့နယ်ကိုဗစ် ၁၉ရောဂါကာကွယ်ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီ မှ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၏လမ်းညွှန်ချက်များအတိုင်း ကိုဗစ်၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ကုသရေးလုပ်ငန်းများကို အရှိန်အဟုန်မြှင့် ဆောင်ရွက်လျက် ရှိကြောင်းသိရသည်။