စဉ့်ကိုင်မြို့နယ်တွင် Faciliy Quarantine ဝင်ရောက်နေသူများအား ကိုဗစ်−၁၉ကူးစက် ရောဂါရှိ/မရှိ စစ်ဆေးနိုင်ရေး ဓာတ်ခွဲနမူနာများ ရယူ

စဉ့်ကိုင်  အောက်တိုဘာ

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ စဉ့်ကိုင်မြို့နယ် တရုတ်စုရပ်ကွက် အခြေခံပညာ အလယ်တန်းကျောင်းတွင် Faciliy Quarantine ဝင်ရောက်နေသူများကို ကိုဗစ်၁၉ရောဂါ ရှိ/မရှိ  ဓာတ်ခွဲအတည်ပြုနိုင်ရေးအတွက် နှာခေါင်းတို့ပတ်နှင့် အာခေါင်တို့ပတ်နမူနာများ ရယူခြင်းကိုယနေ့ နံနက် ()နာရီက ဆောင်ရွက်ခဲ့ကြောင်းသိရသည်။

ထိုသို့    ဓာတ်ခွဲနမူနာများရယူရာတွင်    မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူး    ဒေါက်တာ အေးလွင်က ကြီးကြပ်၍ ဒေါက်တာယုဝေ ဦးဆောင်သော ကျန်းမာရေးဝန်ထမ်းများ၊  ပရဟိတ အဖွဲ့ဝင်များ ပူးပေါင်း၍ နေရပ်ပြန်ပြည်သူ()ဦး၊ Faciliy Quarantineဝင်ရောက်နေသူ (၁၈)ဦးအား ဒုတိယအကြိမ် စုစုပေါင်း(၂၆)ဦးတို့၏ နှာခေါင်းတို့ပတ်နှင့် အာခေါင်တို့ပတ် ဓာတ်ခွဲနမူနာများကို စစ်ဆေးနိုင်ရေး   မန္တလေးတိုင်းဒေသကြီး ပြည်သူကျန်းမားရေးဆိုင်ရာ ဓာတ်ခွဲဌာနသို့ ပို့ဆောင်ထား ကြောင်းသိရသည်။

အဆိုပါ ဓာတ်ခွဲနမူနာများရယူခဲ့သော (၂၆)ဦး၏ ဓာတ်ခွဲအဖြေများသိရှိရပါက ပြည်သူများ သိရှိနိုင်ရေး အချိန်နှင့်တပြေးညီ ပြန်လည်ထုတ်ပြန်ကြေညာပေးသွားမည်ဖြစ်ကြောင်း  မြို့နယ်ပြည်သူ့ ကျန်းမာရေး ဦးစီးဌာနမှ သိရသည်။

အောင်ပိုင်ပိုင်ကျော်