ကျောက်မဲမြို့နယ်တွင် ဒုတိယအကြိမ် မဲဆန္ဒရှင်စာရင်း ကပ်ထားကြေညာထားရှိမှုများအား မြို့နယ်ကော်မရှင်အဖွဲ့ဝင်များမှ ကွင်းဆင်းစစ်ဆေး

ကျောက်မဲ အောက်တိုဘာ

ရှမ်းပြည်နယ်(မြောက်ပိုင်း) ကျောက်မဲမြို့နယ်တွင် ၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲ အောင်မြင်စွာ ကျင်းပနိုင်ရေးအတွက် ဒုတိယအကြိမ် မဲဆန္ဒရှင်စာရင်းများကို အောက်တိုဘာ ရက်နေ့မှ စ၍ ရပ်ကွက်/ကျေးရွာ ကော်မရှင်အဖွဲ့ခွဲရုံးတွင်  ကပ်ထားကြေညာထားရှိရာ အဆိုပါ မဲဆန္ဒရှင်စာရင်းများ ကပ်ထားကြေညာထားရှိမှု အခြေအနေများကို မြို့နယ်ရွေးကောက်ပွဲ ကော်မရှင် အဖွဲ့ခွဲရုံးမှတာဝန်ရှိသူများက အောက်တိုဘာ ၃ ရက်နေ့တွင် ကွင်းဆင်းစစ်ဆေးခဲ့သည်။

ထိုသို့စစ်ဆေးရာတွင် ကျောက်မဲမြို့နယ် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ ဥက္ကဋ္ဌ ဦးစိုးထွန်းနှင့် အဖွဲဝင်တို့သည် ကျွဲကုန်း၊ ခိုမုန်း၊ စခန်းသာ၊ ပင်တိန်၊ ပင်ပေါ၊ နမ့်လန် စသည့် ကျေးရွာအုပ်စုရှိ ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲရုံးများ၌ မဲဆန္ဒရှင်စာရင်းများ ကပ်ထားကြေညာထားမှုများကို လိုက်လံကြည့်ရှုစစ်ဆေးပြီး သက်ဆိုင်ရာကျေးရွာအုပ်စု ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲမှ တာဝန်ရှိသူ များအား  ရွေးကောက်ပွဲနှင့် ပတ်သက်ပြီး ပြည်သူများ ကျယ်ကျယ်ပြန့်ပြန့် သိရှိနိုင်ရေးအတွက် နိုးဆော်ပေးရန်၊  အသိပညာပေး လက်ကမ်းစာစောင်များ ပြည်သူ့လက်ဝယ်အရောက်ဖြန့်ဝေရန်၊ အသိပညာပေးစာစောင်များကို အများမြင်သာသည့် နေရာတွင် ကပ်၍ပြသထားရန်၊ မဲဆန္ဒရှင် စာရင်းများကို ကြည့်ရှုရလွယ်ကူအောင် ပြင်ဆင် ပြသရန်၊  လာရောက်ကြည့်ရှုသူများအပေါ် ကူညီဆောင်ရွက်ပေးရန်၊ ကိုဗစ်-၁၉ရောဂါ ကြိုတင် ကာကွယ်နိုင် ရေးအတွက် ကျန်းမာရေးနှင့်အားကစား ဝန်ကြီးဌာနမှ ထုတ်ပြန်ထားသည့် ညွှန်ကြားချက်များကို လိုက်နာ ဆောင်ရွက်ရေးတို့ကို မှာကြားခဲ့ကြောင်း သိရှိရသည်။

ထိုသို့ မဲဆန္ဒရှင်စာရင်းများ ကပ်ထားကြေညာထားမှုကို အောက်တိုဘာ ရက်နေ့မှ ၁၄ ရက်နေ့အထိ နောက်ဆုံးအကြိမ်အဖြစ် ကပ်ထားကြေညာပေးသွားမည်ဖြစ်ပြီး  ပြန်လည်ပြင်ဆင်၊ ဖြည့်စွက်၊ ပယ်ဖျက် ခြင်းများကိုလည်း အဆိုပါ ၁၄ ရက်အတွင်း ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။

ကျောက်မဲမြို့နယ်တွင် ဒုတိယအကြိမ် ကပ်ထားကြေညာထားသည့်  မဲဆန္ဒရှင်စာရင်းအရ  မဲပေးပိုင်ခွင့်ရှိသူ ၁၂၉၇၁၃ ဦးရှိပြီး လျာထားမဲရုံ ၁၁၁ ရုံရှိကြောင်း သိရသည်။

မိုင်းထွန်း(ပြန်/ဆက်)