ကျိုင်းတောင်းမြို့တွင် အသက် ၈၀ နှစ်မှ ၈၅ နှစ်ကြား သက်ကြီးဘိုးဘွားများနှင့် မသန်စွမ်းသူများအား ထောက်ပံ့ငွေများပေးအပ်

ကျိုင်းတောင်း  အောက်တိုဘာ ၆

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လင်းခေးခရိုင်၊  ကျိုင်းတောင်းမြို့၌  နိုင်ငံတော်အစိုးရ၏ အစီအစဉ်ဖြင့် လူမှုဝန်ထမ်းဦးစီးဌာနမှ အသက် ၈၀ နှစ်မှ ၈၅နှစ်ကြား ဘိုးဘွားများနှင့် မသန်စွမ်းသူများအား ထောက်ပံ့ငွေများ ပေးအပ်ခြင်းကို ယနေ့ နံနက် ၁၁ နာရီခန့်က  ကျိုင်းတောင်းမြို့ အထွေထွေအုပ်ချုပ်ရေဦးစီးဌာနမှ တာဝန်ရှိသူများ၊ အမျိုးသမီးရေးရာ အဖွဲ့များ၊ ဌာနဆိုင်ရာများ၊ သက်ဆိုင်ရာရပ်ကွက်အုပ်ချုပ်ရေးမှူးများနှင့် စာရေးဝန်ထမ်းများက  အိမ်တိုင်ရာရောက် သွားရောက်ထောက့်ပံ့ ပေးအပ်ခဲ့ကြောင်း သိရသည်။

အဆိုပါ ထောက်ပံ့ငွေများကို ကိုဗစ်-၁၉ ရောဂါ ကာလအတွင်း စားဝတ်နေရေး အဆင်ပြေစေရန် ရည်ရွယ်၍ ထောက်ပံ့ပေး အပ်ခြင်းဖြစ်ကြောင်း ကျိုင်းတောင်းမြို့ရှိ သက်ကြီးဘိုးဘွား (၂၀) ဦးနှင့် မသန်စွမ်းသူ(၅၆) ဦးတို့အား တစ်ဦးလျှင် ၃၀,၀၀၀ ကျပ်နှုန်းစီဖြင့် စုစုပေါင်းထောက်ပံ့ငွေ (၂,၂၈၀,၀၀၀) ကျပ်ကို အိမ်တိုင်ရာရောက် ထောက်ပံပေးအပ်ခဲ့ကြောင်း သိရသည်။

ကျိုင်းတောင်း(ပြန်/ဆက်)