သာယာဝတီခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံးတွင်၂၀၂၀ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေ ရွေးကောက်ပွဲဆိုင်ရာ အသိပညာပေးစာစောင်နှင့် ပိုစတာများပြသ

သာယာဝတီ အောက်တိုဘာ ၆

ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနရုံးတွင် ၂၀၂၀ ပြည့်နှစ်  ပါတီစုံဒီမိုကရေစီအထွေထွေ ရွေးကောက်ပွဲဆိုင်ရာ အသိပညာပေးစာစောင်နှင့် ပိုစတာများ ပြသထားလျက် ရှိကြောင်း သိရသည်။

၂၀၂၀  ပြည့်နှစ် ၊ နိုဝင်ဘာလ ၈ ရက်နေ့တွင် ကျင်းပမည့် ပါတီစုံဒီမိုကရေစီအထွေထွေ ရွေးကောက်ပွဲအတွက်  အသိပညာပေး အကြောင်းအရာများ ဖြစ်သည့် ရပ်ကွက်/ ကျေးရွာများအလိုက် ဒုတိယအကြိမ် ကပ်ထား  ကြေညာပေးသည့် မဲဆန္ဒရှင် စာရင်းများကို ကြည့်ရှုရေး နှိုးဆော်ချက်များ၊ မဲဆန္ဒရှင်စာရင်း ကြည့်ရှုရာတွင်  မိမိအမည် မပါဝင်ပါက ပုံစံ-၃ ဖြင့် လည်းကောင်း၊ မပါဝင်သင့်သူများ ပါဝင်နေပါက ပုံစံ-၄ ဖြင့် ကန့်ကွက်ခြင်းဖြင့်လည်းကောင်း၊ မဲစာရင်း အချက်အလက်များ မှားယွင်းနေပါက ပုံစံ-၄  (ဂ)  ဖြင့်  ပြင်ဆင်လွှာ   တင်သွင်းခြင်းများကို  လည်းကောင်း  သိရှိနိုင်စေရေး   ကြေညာချက်များ၊ သင့်အမည် မဲဆန္ဒရှင်စာရင်းမှာ ပါ/မပါ ၊ သင့်မှာ အချိန်မရှိ/မလုံလောက်ဖြစ်နေပါသလား။ အွန်လိုင်းကနေ စစ်ဆေးလိုက်ပါ။ QR ကုတ် အသုံးပြုနည်းများ၊ ဘေးကင်းလုံခြုံစွာ ဆန္ဒမဲပေးပါ။ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၏ လမ်းညွှန်ချက်များ၊ မကြာခဏ မေးလေ့‌မေးထ ရှိ‌သော မဲဆန္ဒရှင်စာရင်းဆိုင်ရာ မေးခွန်းနှင့်အဖြေများ စသည်တို့ကို ပြသ ဆောင်ရွက်ပေးထားလျက် ရှိကြောင်း သိရသည်။

သန့်ဇော်(သာယာဝတီ)