မန္တလေး အောက်တိုဘာ ၆
မန္တလေး၊ အောင်မြေသာစံမြို ့နယ်၊ ပုလဲငွေရောင်ရပ်ကွက်တွင်ရှိသော ညောင်ပင်ဈေးရှိ ဈေးသည်များနှင့် လမ်းသွားလမ်းလာ ပြည်သူများအား နှာခေါင်းစည်း(Mask)များ အခမဲ့ပေးဝေခြင်းကို ယနေ့နံနက် ၁၀နာရီက အဆိုပါဈေးနှင့် လမ်းသွားလမ်းလာများသော နေရာများတွင် ပြုလုပ်ခဲ့ကြောင်း သိရသည်။
နှာခေါင်းစည်း(Mask)များ အခမဲ့ပေးဝေခြင်းကို ကိုဗစ်-၁၉ရောဂါ ကူးစက်မှုမှကာကွယ်နိုင်ရန်အတွက် ရည်ရွယ်၍ ပုလဲငွေရောင်ရပ်ကွက် အုပ်ချုပ်ရေးမှူး ဦးဝင်းကိုကိုနှင့် ရာအိမ်မှူးများ၊ ရပ်ကွက်မိခင်နှင့်ကလေးစောင့် ရှောက်ရေးအသင်းနှင့် အမျိုးသမီးရေးရာအဖွဲ့များ၊ ရပ်ကွက်အရန်မီးသတ်တပ်ဖွဲ့ဝင်များ၊ စေတနာရှင် အလှူရှင်များက စုပေါင်း၍ နှာခေါင်းစည်း(Mask) အခုရေ(၃၀၀၀၀)ကို ညောင်ပင်ဈေးအတွင်းရှိ ဈေးသည်များနှင့် ရပ်ကွက်အတွင်းရှိ လမ်းသွားလမ်းလာများသော နေရာများတွင် ပေးဝေခဲ့ကြသည်။
ထို့ပြင်အောင်မြေသာစံမြို့နယ်၊ ဒေါနဘွားရပ်ကွက်၊ အမှတ်(၁၇)အခြေခံပညာ အထက်တန်းကျောင်းတွင် ဖွင့်လှစ်ထားရှိသော အထူးရဲသင်တန်းမှ သင်တန်း သားများအား ပုလဲငွေရောင်ရပ်ကွက် အုပ်ချုပ်ရေးမှူး ဦးဝင်းကိုကိုမှ နှာခေါင်းစည်း(Mask) အခုရေ(၁၅၀၀) နှင့် မျက်မှန်အကြည် အခုရေ(၁၀၀)တို့အား သွားရောက်ပေးလှူ ခဲ့ကြောင်းသိရသည်။
ဇော်လင်းဦး(အောင်စံ)