ချောင်းဆုံ အောက်တိုဘာ ၆
နိုဝင်ဘာ ၈ ရက်နေ့တွင် ကျင်းပပြုလုပ်မည့် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ အောင်မြင်စွာ ကျင်းပနိုင်ရေးအတွက် ချောင်းဆုံမြို့နယ်အတွင်းရှိ ရပ်ကွက် ကျေးရွာရွေး ကောက် ပွဲကော်မရှင်အဖွဲ့ခွဲရုံးများ၌ မဲဆန္ဒရှင်စာရင်းကို အောက်တိုဘာ ၁ ရက်နေ့က စတင်ပြီး (၂) ပတ်ကြာ ဒုတိယအကြိမ်ကပ်ထား ကြေညာမည်ဖြစ်ရာ မဲစာရင်းတွင် မိမိအမည်စာရင်ပါမပါ ပြည်သူများလာရောက်ကြည့်ရှုလျက်ရှိကြောင်း သိရသည်။
ချောင်းဆုံမြို့နယ်တွင် ရပ်ကွက်ကျေးရွာပေါင်း (၄၆)အုပ်စုရှိပြီး အသက်(၁၈)နှစ်ပြည့်ပြီး ဆန္ဒမဲ ပေး ပိုင်ခွင့်ရှိသူစုစုပေါင်း (၁၃၁၅၄၉)ဦး၊ ဗမာတိုင်းရင်းသား မဲဆန္ဒရှင်ဦးရေ (၂၅၁၅၃)ဦး၊ ကရင် တိုင်းရင်းသား မဲဆန္ဒရှင်ဦးရေ (၇၄၉၅)ဦး၊ ပအိုဝ်းတိုင်းရင်းသား မဲဆန္ဒရှင်ဦးရေ (၂၈)ဦး ရှိကာ မဲရုံပေါင်း (၇၅)ရုံမဲဆန္ဒနယ် မြေ(၂)ခုခွဲပြီး ဖွင့်လှစ်သွားမည်ဖြစ်ကြောင်း၊ အဆိုပါမဲရုံများအား တာဝန်ထမ်းဆောင်မည့် ဝန်ထမ်းများကို လည်း မဲရုံအလိုက်ခွဲပြီး စုစုပေါင်း မဲရုံဝန်ထမ်း (၁၂၅၉)ဦးလျာထားကြောင်း၊ မဲရုံတွင် တာဝန်ထမ်းဆောင် မည့် ဝန်ထမ်းများကိုလည်း ယခု အောက်တိုဘာလ အတွင်း စာတွေ့လက်တွေ့ သင်တန်းပို့ချ သွားမည်ဖြစ် ကြောင်း မြို့နယ် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံးမှ သိရသည်။
မြို့နယ်(ပြန်/ဆက်)