မော်လမြိုင်ကျွန်း မြို့နယ်အတွင်းရှိ ဈေးဆိုင်များ သတ်မှတ်ချိန်များအတိုင်း ဖွင့်လှစ်ရောင်းချနိုင်ရေး အသိပေးစစ်ဆေးခြင်း လုပ်ငန်းများ အရှိန်အဟုန်မပျက် ဆက်လက်ဆောင်ရွက်

မော်လမြိုင်ကျွန်း အောက်တိုဘာ ၆

မော်လမြိုင်ကျွန်း မြို့နယ်အတွင်း ဖွင့်လှစ်ရောင်းချလျက်ရှိသော ဈေးကြီးများတွင် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနမှ ထုတ်ပြန်ထားသော စည်းကမ်းချက်များနှင့်အညီ ရောင်းချခြင်း ရှိ/မရှိ   မြို့နယ် ကိုဗစ်-၁၉ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေး ကော်မတီအဖွဲ့ဝင်များမှ လိုက်လံစစ်ဆေးခြင်း လုပ်ငန်းကို ယနေ့ မွန်းတည့် ၁၂ နာရီအချိန်က ဆောင်ရွက်ခဲ့သည်။

ထိုသို့စစ်ဆေးရာတွင် နေ့စဉ် နံနက် ၆  နာရီမှ နေ့လယ် ၂ နာရီအထိ မြို့မဈေးကြီးအတွင်းရှိ စားသောက်ကုန် ပစ္စည်းအရောင်းဆိုင်များ၊  အိမ်ဆိုင်များ၊  အလှပြင်ဆိုင်၊  စတိုးဆိုင်၊  ကုန်ခြောက်ဆိုင်၊  အိမ်ဆောက်ပစ္စည်း အရောင်းဆိုင်များအား ဖွင့်လှစ်ရောင်းချခွင့်ပြုပြီး ပြည်သူများကျန်းမာရေးအတွက် ပုဂ္ဂလိက ဆေးဝါးရောင်းချသည့် ဆိုင်များကိုမူ နေ့စဉ် နံနက် ၆ နာရီမှ ည ၇ နာရီအထိ ဖွင့်လှစ်ထားရှိရာ မြို့နယ်အတွင်းရှိ မြို့မဈေးကြီး၊ အောင်သာယာဈေး၊  ဆိပ်ကမ်းသာဈေး၊  ဗိုလ်ချုပ်ဈေး၊ ချမ်းမြေ့ သာယာဈေးတို့တွင် မြို့နယ်စည်းကမ်း ထိန်းသိမ်းရေးဖွဲ့မှ  လိုက်လံ စစ်ဆေးခြင်းလုပ်ငန်းများ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။ 

အောင်အောင်(ပြန်/ဆက်)