ကျိုက်မရော အောက်တိုဘာ ၆
မွန်ပြည်နယ် မော်လမြိုင်ခရိုင် ကျိုက်မရော မြို့နယ်၌ ပါတီစုံ ဒီမိုကရေစီ အထွေထွေရွေးကောက် ပွဲတွင် လုံခြုံရေး တာဝန်ထမ်းဆောင်ရန် အထူးရဲသင်တန်းကို အောက်တိုဘာ ၁ ရက်နေ့မှစ၍ အ.ထ.က ကျိုက်မရောခန်းမနှင့် ရသေ့ကျောင်းတိုက်အတွင်း၌ ဖွင့်လှစ်လျက်ရှိရာ အဆိုပါသင်တန်းတွင် တက် ရောက်လျက်ရှိနေသော အထူးရဲများ၌ ကိုဗစ်- ၁၉ ရောဂါပိုး ရှိ/ မရှိကို ယနေ့ နံနက် ၉ နာရီမှ စတင် ကာTest Kit ဖြင့် စစ်ဆေးဆောင်ရွက် ပေးခဲ့ကြောင်း သိရသည်။
ထိုသို့ စစ်ဆေးဆောင်ရွက်ရာတွင် ကျိုက်မရော မြို့နယ် ကျန်းမာရေးဦးစီးဌာနမှ ကျန်းမာရေးဦး စီးမှူး မြို့နယ်ဆရာဝန်ကြီး ဒေါက်တာ ကျော်ဝင်းဇော် ဦးဆောင်၍ ကျန်းမာရေးဝန်ထမ်းများက အထူးရဲ သင်တန်းသား (၉၈)ဦးတို့အား ကိုဗစ်- ၁၉ ရောဂါပိုး ရှိ/မ ရှိကို RDT( Rapid Antigen Diagnostic Test Kit) များဖြင့် စစ်ဆေးပေးလျက်ရှိရာ အထူးရဲသင်တန်းသား ၉၈ ဦးတို့၌ ကိုဗစ် -၁၉ ရောဂါပိုး မတွေ့ရှိရဘဲ သင်တန်းသားအားလုံး (Negative) ဖြစ်ကြောင်း မြို့နယ် ကျန်းမာ ရေး ဦးစီးဌာနမှူး ဒေါက်တာ ကျော်ဝင်းဇော်ထံမှ သိရသည်။
ချိုချို(ပြန်/ဆက်)