မန္တလေး၊ အောက်တိုဘာ ၇
အမရပူရမြို့နယ် ရွှေကြက်ယက်ကျေးရွာအုပ်စု ကိုးသင်းကျေးရွာတွင် ကိုဗစ်-၁၉ Positive တွေ့ရှိမှုဖြင့် Semi-Lock Down Area အတွင်းရှိ ပြည်သူများအား မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့မှ အခြေခံစားသောက်ကုန်များ ထောက်ပံ့ပေးအပ်ခြင်းကို ယမန်နေ့ ညနေ ၄ နာရီအချိန်က အဆိုပါနေရာတွင် ထောက်ပံ့ပေးအပ်ခဲ့သည်။
မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့(ကိုယ်စား) မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန မြို့နယ် အုပ်ချုပ်ရေးမှူး ဦးဖေသက်ထွန်းနှင့်ဝန်ထမ်းများ၊ ရွှေကြက်ယက်ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူး ဦးစက်အောင်နှင့်အဖွင့်ဝင်များက ကိုးသင်းကျေးရွာတွင် Lock Down ချထားသည့် Area တွင် အိမ်ခြေ (၃၂) အိမ် ၊ အိမ်ထောင်စု (၃၂) စု လူဦးရေ ကျား(၆၁) ဦး၊ မ (၇၈) ဦး စုစုပေါင်း (၁၃၉) ဦးတို့အား မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့မှ တစ်ဦးလျှင် ဆန် (၁) ပြည် ၊ ဆီ (၁) ပိဿာ၊ မာမီးခေါက်စွဲခြောက်ထုပ် (၁၅) ထုပ် ၊ Mask (၃) ခုဆီကို မြို့နယ်အုပ်ချုပ်ရေးမှူးမှ ပေးအပ်လှူဒါန်းရာ တာဝန်ရှိသူများမှ လက်ခံရယူပြီး ဖြန့်ဝေထောက်ပံ့ခဲ့သည်။
ဟိန်းထက်(အမရ)