ပွင့်ဖြူ အောက်တိုဘာ ၆
မကွေးတိုင်းဒေသကြီး ၊ ပွင့်ဖြူမြို့နယ်အတွင်း ကိုဗစ် - ၁၉ ရောဂါကာကွယ်ထိန်းချုပ်ကုသရေးလုပ်ငန်းများတွင် လိုအပ်သည်များ အသုံးပြုနိုင်ရေးအတွက် အလှူငွေနှင့် ကာကွယ်ရေးသုံးပစ္စည်းများ ထောက်ပံ့လှူဒါန်းခြင်းကို ယနေ့နံနက် ၉ နာရီက Asian Crops Global စိုက်ပျိုးရေးဆေးကုမ္ပဏီ(မကွေးတိုင်းဒေသကြီး)နှင့် ဩမာန် စိုက်ပျိုးရေးဆေးရောင်းဝယ်ရေး(ပွင့်ဖြူမြို့) တို့ ပူးပေါင်း၍ မြို့နယ်ကိုဗစ် - ၁၉ ရောဂါကာကွယ်ထိန်းချုပ်ရေးနှင့် အရေးပေါ် တုံ့ပြန်ရေးကော်မတီထံ လာရောက်လှူဒါန်းပေးခဲ့ကြောင်း သိရသည်။
ထို့သို့ ထောက်ပံ့လှူဒါန်းရာတွင် Asian Crops Global စိုက်ပျိုးရေးဆေးကုမ္ပဏီ(မကွေးတိုင်းဒေသကြီး)မှ တာဝန်ခံ မန်နေဂျာ ဦးအောင်သပြေညွန့် ဦးဆောင်သော ဝန်ထမ်းများအဖွဲ့က ဩမာန် စိုက်ပျိုးရေးဆေး ရောင်းဝယ်ရေး (ပွင့်ဖြူမြို့)မှ တာဝန်ရှိသူများနှင့် ပူးပေါင်းပြီး မြို့နယ်ကိုဗစ် - ၁၉ ရောဂါကာကွယ်ထိန်းချုပ်ကုသရေးလုပ်ငန်းများတွင် လိုအပ်သည့်နေရာ အသုံးပြုနိုင်ရန်အတွက် အလှူငွေကျပ် ၃၀၀၀၀၀ နှင့် ကာကွယ်ရေးသုံးပစ္စည်းဖြစ်သည့် ဆေးကုမ္ပဏီ တံဆိပ်ပါ နှာခေါင်းစည်း အခုရေ ၁၀၀ အား မြို့နယ်ကိုဗစ် - ၁၉ ရောဂါကာကွယ်ထိန်းချုပ်ရေးနှင့် အရေးပေါ် တုံ့ပြန်ရေး ကော်မတီထံ ပေးအပ်လှူဒါန်းရာ မြို့နယ်ကော်မတီဥက္ကဋ္ဌ ဦးထွန်းသိန်းအောင်နှင့် တာဝန်ရှိသူများက လက်ခံရယူခဲ့ကြကြောင်း သိရသည်။
ရဲဝင်းနိုင် ( ညောင်ဦး )